Entertainment: မြန်မာပြည်နောက်ခံဖြင့် ဇာတ်အိမ်ဖွဲ့ရိုက်ကူးခဲ့တဲ့ နိုင်ငံတကာရုပ်ရှင်များ

, updated

မြန်မာပြည်အကြောင်းနောက်ခံထား ရိုက်ကူးခဲ့တဲ့ နိုင်ငံတကာရုပ်ရှင်တွေဖြစ်ပေမယ့် အများစုကတော့ အခြားနိုင်ငံတွေမှာ အခြေပြု ရိုက်ကူးပြီးထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။

မြန်မာ့ရုပ်ရှင်သမိုင်းကြောင်းရဲ့အစကို ကြည့်လိုက်ရင် ရုပ်ရှင်ခေတ်ဦးဖြစ်တဲ့ကာလမှာ အဆင့်အတန်း အတော်အသင့်မြင့်မားခဲ့တာတွေ့ရမှာ ဖြစ်ပါတယ်။ ရုပ်ရှင်ခေတ်ဦးကတည်းက ဂျပန်ပြည်မှာ ဂျပန်မင်းသမီးနဲ့ သွားရောက်ရိုက်ကူးခဲ့တဲ့ ဂျပန်ရင်သွေးလို ဇာတ်ကားမျိုးတွေလည်းရှိခဲ့ပါတယ်။ မြန်မာပြည်အကြောင်း ဇာတ်အိမ်တည်ပြီး ရိုက်ကူးခဲ့တဲ့ ဟောလီးဝုဒ်ကားတွေတောင်ရှိပါသေးတယ်။ ဒါပေမယ့် ရုပ်ရှင်အများစုကတော့ ဒုတိယကမ္ဘာစစ်အတွင်း မြန်မာပြည်ရဲ့ မြင်ကွင်းတွေကို နောက်ခံထားရိုက်ကူးထားတာ တွေ့ရပါတယ်။

play

 

The Road to Mandalay, Mandalay, The Girl from Mandalay စတဲ့မန္တလေးမြို့ကို ဇာတ်အိမ်တည်ထားတဲ့ ခေတ်ဟောင်းရုပ်ရှင်ကားတွေလညှ်းရှိခဲ့ဖူးပါတယ်။

play

 

 စစ်ပွဲကာလအတွင်းနောက်ခံပြု ရိုက်ကူးတဲ့ ဒရာမာ၊ စစ်ကား စတဲ့ဇာတ်အိမ်မျိုးစုံကိုတွေ့ရမှာ ဖြစ်ပါတယ်။ လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာလည်း မြန်မာပြည်က စစ်ပွဲ အကြောင်းတွေကို ရုပ်ရှင်ပြန်လည်ရိုက်ကူးထားတဲ့ ဗြိတိလျှရုပ်ရှင်ကားပေါင်းများစွာ ရှိပါတယ်။ မြန်မာပြည် အကြောင်းနောက်ခံရှုခင်းတွေနဲ့ ပြင်ဆင်ပြီးနောက်ဆုံးရိုက်ကူးခဲ့တဲ့ ဇာတ်ကားကတော့ နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အကြောင်း ရိုက်ကူးထားပြီး  ဟောလီးဝုဒ်မင်းသမီး မစ်ရှဲယိုသရုပ်ဆောင်တဲ့ The Lady ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပါတယ်။

play

 

မြန်မာပြည်အကြောင်းနောက်ခံထား ဇာတ်အိမ်တည်ရိုက်ကူးခဲ့တဲ့ နာမည်ကြီးဇာတ်ကားတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

  • Burma Convoy (1941)
  • The Road to Mandalay (1926)
  • Mandalay (1934)
  • The Girl from Mandalay (1936)
  • Moon over Burma (1940)
  • A Yank on the Burma Road (1942)
  • Bombs over Burma (1942)
  • Rookies in Burma (1943)
  • Burma Victory (1945)
  • Objective Burma (1945)
  • Objective Burma (1945)
  • The Purple Plain (1954)
  • Escape to Burma (1955)
  • Yesterday's Enemy (1959)
  • Beyond Rangoon (1995)
  • Stealth (2005)
  • Rambo (2008)
  • Burma VJ (2009)
  • Largo Winch II (2011)
  • The Lady (2011)
play

 

အများစုကတော့ နောက်ခံဇာတ်ကြောင်းနဲ့ ရှုခင်းတွေသာယူပြီး အခြားနိုင်ငံတွေမှာ ရိုက်ကူးထုတ်လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ