Entertainment: မြန်မာ့ရုပ်ရှင်လောက၏ ပထမဆုံးများ

, updated

နှစ်ပေါင်းတရာနီးပါး ကြာခဲ့ပြီဖြစ်တဲ့ မြန်မာ့ရုပ်ရှင်လောကရဲ့ ပထမဆုံးသော အဖြစ်အပျက်တွေကို စုစည်းတင်ပြပေးထားပါတယ်။

မြန်မာ့ရုပ်ရှင်သမိုင်းဟာ အင်္ဂလိပ်အုပ်ချုပ်ရေးလက်အောက်မှာ ရှိစဉ်ကတည်းက အစပျိုးခဲ့တဲ့ သမိုင်းကြောင်း အခိုင်အမာရှိပြီးသားဖြစ်ပါတယ်။ ဇာတ်လမ်းတိုရုပ်ရှင်၊ အသံတိတ်ရုပ်ရှင်၊ အသံထွက်ရုပ်ရှင်၊ ဆေးရောင်စုံ ရုပ်ရှင်စသဖြင့် ခေတ်ကာလတွေ အများကြီးဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံတွေရှိထားပါတယ်။

play

 

သမိုင်းကြောင်းဟာ အရေးကြီးလှပါတယ်။ မြန်မာ့ရုပ်ရှင်သမိုင်းရဲ့ ပထမဆုံးအဖြစ်အပျက်တွေကို အောက်မှာ ဖောပြထားလို့ လေ့လာမှတ်သားထားနိုင်ပါတယ်။

၁။ ပထမဆုံးရုပ်ရှင်

play

 

မြန်မာ့ပထမဆုံးရုပ်ရှင်မှာ ဦးညီပုနဲ့ မခင်ရီတို့ သရုပ်ဆောင်ခဲ့တဲ့ “ မေတ္တာနှင့်သူရာ” ဇာတ်ကားဖြစ်ပြီး ၁၉၂၀ နိုင်ဝင်ဘာ ၆ ရက်နေ့မှာ ရုံတင်ခဲ့တာပါ။

၂။ ပထမဆုံးဒါရိုက်တာ

play

 

မြန်မာ့ရုပ်ရှင်လောကရဲ့ ပထမဆုံးဒါရိုက်တာကတော့ ပထမဆုံးရုပ်ရှင်ဖြစ်တဲ့ “ မေတ္တာနှင့်သူရာ” ဇာတ်ကားကို ရိုက်ကူးတဲ့ ဒါရိုက်တာဦးတုတ်ကြီး ဖြစ်ပါတယ်။ နာမည်ရင်းကတော့ ဦးပါ ဖြစ်ပါတယ်။

၃။ ပထမဆုံး အမျိုးသမီးဒါရိုက်တာ

play

 

မြန်မာ့ရုပ်ရှင်လောကအတွက် ပထထမဆုံး အမျိုးသမီးဒါရိုက်တာက မခင်ညွန့်ဖြစ်ပါတယ်။ မိုးခေါင်းကျော်စွာ ဇာတ်ကားကို ကိုယ်တိုင်ရိုက်ကူးပြီး ကိုယ်တိုင်သရုပ်ဆောင်လုပ်ခဲ့တာပါ။

၎။ ပထမဆုံး ဇာတ်ညွှန်ရေးဆရာ

play

 

မြန်မာ့ရုပ်ရှင်အတွက် ပထထမဆုံးဇာတ်ညွှန်းရေးဆရာကတော့ စာရေးဆရာ ပီမိုးနင်း ဖြစ်ခဲ့ပါတယ်။

၅။ ပထမဆုံး စတန့်မင်းသား

play

 

မြန်မာ့ရုပ်ရှင်အတွက် ပထမဆုံးစတန့်မင်းသားအဖြစ် လူစားထိုး သရုပ်ဆောင်ပေးခဲ့တာ ဗစ်တာမိုးနင်းဆိုသူ ဖြစ်ပါတယ်။ သူဟာ စာရေးဆရာ ပီမိုးနင်းရဲ့ သားလည်းဖြစ်ပါတယ်။ ၁၉၂၉ ခုနှစ်ကရိုက်တဲ့ တကိုယ်တော် ဇာတ်ကားမှာ ပါခဲ့ပါတယ်။

၆။ ပထမဆုံး အထူးဖန်တီးပြုလုပ်ချက်ပါသည့်ရုပ်ရှင်

ရုပ်ရှင်ရိုက်ရာမှာ ကင်မရာလှည့်စားမှု(camera trick) နဲ့ အထူးဖန်တီးပြုလုပ်မှု (special effects) ပါဝင်တဲ့ ပထမဆုံးမြန်မာရုပ်ရှင်ဇာတ်ကားကတော့ “တောမြိုင်စွန်းက လွမ်းအောင်ဖန်” ဖြစ်ပီး မြန်မာအဆွေ ကုမ္ပဏီက ရိုက်ကူးခဲ့ပါတယ်။

၇။ ပထမဆုံး အသံထွက် ရုပ်ရှင်

play

 

ပထမဆုံး အသံထွက်ရုပ်ရှင်ကို ၁၉၃၂ ခုနှစ်မှာ ရိုက်ကူးနိုင်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံမှာ သွားရိုက်ကူးတဲ့ ငွေပေးလို့မရ ဇာတ်ကားဖြစ်ပါတယ်။

၈။ ပထမဆုံးအကယ်ဒမီရွှေစင်ဆုပေးပွဲ

play

 

ပထမဆုံးရွှေစင်ဆုကို ၁၉၅၂ ခုနှစ်က စတင်ချီးမြှင့်ခဲ့တာဖြစ်ပြီး ယနေ့ထိတိုင် တစ်နှစ်တစ်ခါ ပေးအပ်နေဆဲ ဖြစ်ပါတယ်။

၉။ ပထမဆုံးရွှေစင်ဆု ရခဲ့သူ

play

 

မြန်မာ့ရုပ်ရှင်လောကရဲ့ ပထမဆုံးရွှေစင်ဆုကို ရခဲ့သူက မင်းသမီး ဒေါ်ကြည်ကြည်ဌေးဖြစ်ပါတယ်။ ၁၉၅၂ ခုနှစ်က ဆုပေးပွဲမှာ ချစ်သက်ဝေ ဇာတ်ကားနဲ့ ဆုရခဲ့တာပါ။

၁၀။ ပထမဆုံး ဆေးရာင်စုံဇာတ်ကား

play

 

ရုပ်ရှင်လောကအတွက် ပထမဆုံးဆေးရောင်စုံ ရုပ်ရှင်ဇာတ်ကားကို ၁၉၅၈ ခုနှစ်မှာ ဖန်တီးထုတ်လုပ်နိုင်ခဲ့ပါတယ်။ ပထမဆုံးဆေးရာင်စုံရုပ်ရှင်ရဲ့ အမည်က ချစ်ခဲ့တာအမှန်ပါပဲ ဖြစ်ပါတယ်။

 

မှတ်ချက် - စာရေးဆရာမိုးမြင့်မောင် ရေးသားထုတ်ဝေထားသော မြန်မာ့ပထမဆုံးများ စာအုပ်ကို မှီငြမ်းဖော်ပြပါသည်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ