Entertainment: အားလပ်ရက်မှာ သွားလည်သင့်တဲ့ တောင်ကြီးမီးပုံးပျံပွဲ

, updated

တောင်ကြီးမီးပုံပျံပွဲဟာ ကမ္ဘာကျော်တာကြောင့် သင့်ရဲ့အားလပ်ရက်တွေကို အဲဒီမှာ အချိန်ပေးလိုက်မယ်ဆိုရင်လည်း ကျေနပ်မှု ရစေပါလိမ့်မယ်။

တန်ဆောင်တိုင်ပွဲတော်ဟာ မြန်မာ့ရိုးရာ ၁၂ လရာသီမှာ အပျော်ရဆုံး လရာသီလို့လည်း ဆိုနိုင်ပါတယ်။ တန်ဆောင်မုန်းလဟာ ရဟန်းသံဃာတွေကို ကထိန်ခင်းတဲ့ လရာသီအဖြစ်ကိုယ်စားပြုပေမယ့် သီတင်းကျွတ်လိုပဲ ဆီမီးထွန်းညှိခြင်းကို ခြိမ့်ခြိမ့်သဲ ကျင်းပတဲ့ လလည်းဖြစ်ပါတယ်။

play

 

တန်ဆောင်တိုင်ပွဲတော်ရောက်ရင် ပျော်စရာအကောင်းဆုံးနေရာ တစ်နေရာက တောင်ကြီးမြို့မှာ ကျင်းပတဲ့ တန်ဆောင်တိုင်ပွဲတော်ဖြစ်ပါတယ်။ တန်ဆောင်မုန်းလပြည့်ညမှာ အစည်ကားဆုံးဖြစ်တဲ့ တောင်ကြီးမီးပုံပျံပွဲဟာ နှစ်စဉ်ကျင်းပပြီး ပြည်ပခရီးသွားဧည့်သည်တွေလည်း ဒီပွဲတော်ကိုလေ့လာဖို့သက်သက် လာရောက်ရတာတောင် ရှိပါတယ်။ ဗုဒ္ဓဘာသာထုံးတမ်း အစဉ်အလာအရ  တာဝတိံသာနတ်ပြည်မှာမှာ တည်ထားပူဇော်တဲ့ စူဠာမုဏိစေတီကို ရည်မှန်းပြီး မီးပုံးပျံလွှတ်ပူဇော်ကြတာဖြစ်ပါတယ်။ ဒီလိုမီးပုံပျံပွဲကို ထိုင်နိုင်ငံတောင်ပိုင်းက Yi Peng ဒေသမှာလည်း ပြုလုပ်လေ့ရှိပါတယ်။

တောင်ကြီးမီးပုံးပျံပွဲ သမိုင်းကြောင်း

play

 

တောင်ကြီးမီးပုံးပျံပွဲကို စတင်ကျင်းပဖြစ်ခဲ့တာ ဗြိတိလျှအစိုးရလက်အောက်မှာ မြန်မာနိုင်ငံ ရှိနေစဉ် အချိန်က ဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ အထက်မြန်မာပြည်မှာလည်း ဒီဓလေ့ထွန်းကားသွားပြီး ဒေသအချို့မှာ မီးပုံးပျံ ပြိုင်ပွဲတွေ ပြုလုပ်လာခဲ့ပါတယ်။

နေ့ပြိုင်ပွဲနှင့် ညပြိုင်ပွဲ

play

 

တောင်ကြီး တန်ဆောင်တိုင်မီးပုံးပျံပြိုင်ပွဲမှာ အဓိကအပိုင်း ၂ ပိုင်းရှိပါတယ်။ နေ့အခါလွှတ်တဲ့ မီးပုံပျံပြိုင်ပွဲနဲ့ ညအခါလွှတ်ပြီး “ညမီးကြီး” လို့ခေါ်တဲ့ မီးပုံးပျံပြိုင်ပွဲ ဖြစ်ပါတယ်။ မီးပုံးပျံကိုအလှဆင်ရာမှာ သေသပ်ကောင်းမွန်ပြီး အဓိပ္ပါယ်ပြည့်ဝတဲ့ မီးပုံးပျံတွေကို ဆုချီးမြှင့်ပါတယ်။

play

 

တောင်ကြီးမှာ တစ်နှစ်တာကာလအတွင်း အစည်းကားဆုံး ညချမ်းတွေကိုလည်း ဒီပြိုင်ပွဲ ကာလမှ တွေ့ရမှာဖြစ်ပါတယ်။ အမြို့မြို့ ဧည့်သည်တွေနဲ့ တန်ဆောင်တိုင်လမှာ တောင်ကြီးက စည်ကားနေတက်လို့ သင်ခရီးထွက်ဖို့ စဉ်းစားနေတယ်ဆိုရင် တောင်ကြီးတန်ဆောင်တိုင်မီးပုံပျံပွဲက သင့်တော်တဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ အခြားမြို့ပြတွေနဲ့မတူပဲ အေးချမ်းတဲ့ အရသာကိုလည်း သင်ခံစားရဦးမှာပါ။ ဒါကြောင့် ဒီတစ်ခါ အားလပ်ရက်ခရီးထွက်မယ်ဆိုရင် စဉ်းစားစရာ တောင်ကြီးမီးပုံပျံပွဲလည်း ထည့်သွင်းစဉ်းစားသင့်တဲ့ နေရာဖြစ်နေပါတယ်။

play
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ