Entertainment: တရုတ်ပြည်က အချောဆုံး ဆရာမ

, updated

တရုတ်ပြည်ဒါလီယန်တက္ကသိုလ်မှာ စာသင်ပေးနေတဲ့ ဆရာမရှုဟာ တရုတ်ပြည်ရဲ့ ဆရာလောကမှ နတ်ဘုရားမလို့တောင် ခေါ်နေကြပါတယ်။

တရုတ်ပြည်ဒါလီယန်တက္ကသိုလ်က ငယ်ငယ်ရွယ်ရွယ် သရုပ်ပြဆရာမတစ်ဦးဟာ သူ့ရဲ့ လှပပြေပြစ်တဲ့ ရုပ်ရည်ကြောင့် တရုတ်လူမှုကွန်ယက်တွေမှာ နာမည်ကြီးလာပြီဖြစ်ပါတယ်။ ကိုယ်ကာယလေ့ကျင့်ခန်း လုပ်နေတဲ့ ပုံတွေ၊ စက်ဘီးစီးလေ့ကျင့်ခန်း လုပ်နေတဲ့ပုံတွေကို တရုတ်လူမှုကွန်ယက် Weibo မှာတင်ခဲ့ပြီးတဲ့ နောက် သူမဟာ အတော်နာမည်ကြီးလာခဲ့ပြီဖြစ်ပါတယ်။

play

 

ရှုဒေါင်ချန်းလို့ အမည်ရတဲ့ အဆိုပါ ဆရာမဟာ အသက် ၂၃နှစ်အရွယ်သာ ရှိသေးပြီး တရုတ်ပြည်က လူမှုကွန်ယက်အတွင်းမှာ ဆရာလောကရဲ့နတ်ဘုရားမလို့ ခေါ်နေကြပါတယ်။ လူမှုကွန်ယက်မှာ သူမရဲ့ Followers က နှစ်သိန်းခြောက်သောင်းကျော်ရှိပါတယ်။ သူမဟာ သရုပ်ပြဆရာမအလုပ်အပြင် အချိန်ပိုင်း မော်ဒယ်အဖြစ်လည်း အလုပ်လုပ်သူဖြစ်ပါတယ်။ စာသင်ခန်းထဲမှာ သူမစာသင်ကြားနေတဲ့ပုံတွေကိုလည်း အွန်လိုင်းပေါ်မှာ မျှဝေခဲ့သူဖြစ်ပါတယ်။ ဒီဓါတ်ပုံတွေကြောင့်ပဲ သူမဟာ လူမှုကွန်ယက်မှာ အလျှင်အမြန် ကျော်ကြားလာသူဖြစ်ခဲ့ပါတယ်။

play
play

သွယ်လျတဲ့ခန္ဓာကိုယ်ကို ပေါ်လွင်စေတဲ့ အဝတ်အစားတွေနဲ့ လေ့ကျင့်ခန်းလုပ်နေပုံတွေ၊ အားကစားအင်္ကျီနဲ့ စက်ဘီးစီးနေတဲ့ပုံတွေကြောင့် ပရိသတ်ကို သူမက စွဲဆောင်စေခဲ့တာဖြစ်ပါတယ်။ နန်ကျင်းတက္ကသိုလ်က ဘွဲ့ရလာတဲ့ မစ္စရှုဟာ အခြားသတင်း တစ်ရပ်အရ ကြံ့ခိုင်ရေးဆရာမ တစ်ဦးအဖြစ်လည်း အလုပ်လုပ်တယ်လို့ ဆိုပါတယ်။

play
play

 

အွန်လိုင်းပရိတ်သတ်အများစုကတော့ အသက် ၂၃ နှစ်အရွယ်နဲ့ တက္ကသိုလ်ဆရာမ ဖြစ်နေတဲ့ မစ္စရှုကို မေးခွန်းထုတ်လျှက်ရှိကြပါတယ်။

play
play

 

 တက္ကသိုလ်ကျောင်းအွန်လိုင်းဖိုရမ်မှာလည်း မစ္စရှုဟာ ကျောင်းရဲ့ တရားဝင် ဆရာမတစ်ယောကမဟုတ်ဘူးလို့ ဆိုထားကြပြန်ပါတယ်။ ဒါလီယန်တက္ကသိုလ်ကတော့ ဒီကိစ္စကို ငြင်းဆိုခြင်း မပြုသလို အတည်ပြုခြင်းလည်း မလုပ်ထားပါဘူး။

play
play

 

အာရှနိုင်ငံတွေအတွင်းက လုပ်ငန်းနယ်ပယ်တွေအတွင်းမှာ ဒီလိုရုပ်ရည်ချောမောလှပသူတွေ မကြာခဏ ဆိုသလို ထွက်ပေါ်လာလေ့ရှိပါတယ်။ လမ်းဘေးဈေးသည်၊ ဘတ်စ်ကားလက်မှတ်ရောင်းသူ၊ ဝက်သားရောင်းသူ စသဖြင့် ယခင်ကလည်း ချောမောလှပသူတွေ ထွက်ခဲ့ပြီးပြီဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ