Entertainment: ဂျိမ်းစ်ဘွန်းဖြစ်သင့်တဲ့ အခြားဟောလီးဝုဒ်မင်းသားများ

play

 

လက်ရှိဂျိမ်းစ်ဘွန်းမင်းသားအဖြစ် နေရာယူထားတဲ့ ဒန်နီရယ်ခရေ့ခ်ျရဲ့နေရာမှာ အခြားဟောလီးဝုဒ်မင်းသား တစ်ဦးဦးကို အစားထိုးချင်နေတဲ့ ပရိသတ်တွေများစွာရှိပါတယ်။ အားလုံးရဲ့အကြိုက်နဲ့ ထပ်တူညီဖို့မလွယ်ပေမယ့် ဂျိမ်းစ်ဘွန်းဇာတ်ကောင်နေရာကို ပရိသတ်တွေဝင်ရောက်စေချင်တဲ့ ဟောလီးဝုဒ်မင်းသားတွေ ရှိနေပါတယ်။

ရုပ်ရှင်လောကမှာတော့ ဂျိမ်းစ်ဘွန်းမင်းသားအဖြစ်အရွေးခံရခြင်းဟာ ဆုလာဘ်တစ်ခုရရလိုက်တာနဲ့ အတူတူဖြစ်ပါတယ်။ အခုဖော်ပြပေးမယ့် ဟောလီးဝုဒ်သရုပ်ဆောင်တွေကရော ပရိသတ်ရင်ထဲက ဂျိမ်းစ်ဘွန်းမင်းသား ဖြစ်စေချင်တဲ့သူတွေဟုတ်ရဲ့လားဆိုတာ ကြည့်လိုက်ပါဦး။

၁။ Gerard Butler

play

 

ဂျိမ်းစ်ဘွန်းဇာတ်ကောင်နေရာမှာ Gerard Butler ကိုစိတ်ကူးယဉ်ကြည့်ဖူးတဲ့ ပရိသတ်အများအပြား ရှိနေမှာ ဖြစ်ပါတယ်။ The Ugly Truth လို  ဟာသဇာတ်ကားမှာ အတည်ပေါက်နဲ့ ဟာသလုပ်တက်ရုံသာမက 300 လိုအကြမ်းအရမ်းဇာတ်လမ်းတွေနဲ့လည်း သူက လိုက်ဖက်သူသရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။ Law Abiding Citizen ဇာတ်ကားမျိုးကိုကြည့်ဖူးသူဆိုရင် Gerard Butler ဟာ ဂျိမ်းစ်ဘွန်းဇာတ်ကောင်နဲ့ လိုက်က်ဖက်သူလို့ သင်လည်းထင်လာပါလိမ့်မယ်။

၂။ Hugh Jackman

play

 

X-Men ဇာတ်လမ်းတွဲတွေထဲမှာ ဝံပုလွေလူသားလို့ လူသိများတဲ့ Hugh Jackman က ဂျိမ်းစ်ဘွန်းဇာတ်ကောင်အတွက် သင့်တော်သူတစ်ဦးဖြစ်ပါတယ်။ တကယ်ဆိုရင် လွန်ခဲ့တဲ့ ၈ နှစ်လောက်ကတည်းက ဂျိမ်းစ်ဘွန်းနေရာအတွက် Hugh Jackman ကိုကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် Hugh Jackman ကငြင်းဆန်ခဲ့ပါတယ်။

၃။ Judge Law

play

 

Jude Law ဟာသရုပ်ဆောင်ကောင်းလွန်းသူဖြစ်တယ်ဆိုတာ ဟောလီးဝုဒ်ပရိသတ်အားလုံး သိထားကြပါတယ်။ ၂၀၀၁ တုန်းကထွက်ရှိခဲ့တဲ့ Enemy At The Gates က Jude Law ရဲ့အောင်မြင်မှု အရဆုံးဇာတ်ကားဖြစ်ပါတယ်။ ဂျိမ်းစ်ဘွန်းဇာတ်ကောင်နေရာမှာ Jude Law ကိုမြင်ချင်တဲ့ ပရိသတ်တွေလည်း ရှိထားပါတယ်။

၎။ Liam Neeson

play

 

သင်ဟာ ဂျိမ်းစ်ဘွန်းဇာတ်ကောင်ကို ပိုပြီးကြမ်းတက်ထက်မြက်တဲ့ စရိုက်ရှိုစေချင်ရင်တော့ Liam Neeson ကအသင့်အတော်ဆုံးဖြစ်ပါတယ်။ Liam Neeson ရဲ့အက်ရှင်ဇာတ်လမ်းတွေကို ပရိသတ်အတော်များများလည်း ရင်းနှီးကြပြီးသား ဖြစ်ပါတယ်။ အသက် ၆၃ နှစ်အရွယ်ရှိနေတာကြောင့် Liam Neeson ကိုဂျိမ်းစ်ဘွန်းအဖြစ် မြင်တွေ့ရဖို့တော့ ပိုခက်နိုင်ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်ထိတော့ Liam Neeson ကဂျိမ်းစ်ဘွန်းဇာတ်ကောင်အဖြစ် သင့်တော်သူတစ်ဦးဖြစ်ပါတယ်။

၅။ Christian Bale

play

 

Christian Bale ကလည်း ဟောလီးဝုဒ်ပရိသတ်တွေ ရင်းနှီးပြီးသား ဖြစ်ပါတယ်။ လင်းနို့လူသား(Batman) အဖြစ်သာ မြင်လာခဲ့ရတဲ့ သူ့ကို ဂေါ်သန်မြို့ကြီးကနေဆွဲထုတ်ပြီး ဗြိတိလျှစပိုင်ဖြစ်စေချင်တဲ့ ပရိသတ်တွေ ရှိပါတယ်။ The Machinist ဇာတ်ကားရိုက်ဖို့ ဇာတ်ကောင်နဲ့လိုက်အောင် အလွန်အမင်းဝိတ်ချခဲ့တဲ့ Bale ကိုဂျိမ်းစ်ဘွန်းအဖြစ်မြင်ရရင်လည်း အဆင်ပြေမယ်လို့ ယူဆရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ