Entertainment: ခေါင်းစွပ်ကုတ်အင်္ကျီ၊ အနက်ရောင်မီနီစကတ်နဲ့ လူပီတာညွန်းရဲ့ စတိုင်သစ်

, updated

“12 Years A Slave” ဇာတ်ကားနဲ့ အော်စကာဆုရရှိခဲ့တဲ့ လူပီတာညွန်းကို ခါတိုင်းလိုပဲ စတိုင်ကျကျပုံစံနဲ့ နိုဝင်ဘာလ ၇ ရက်နေ့၊ နယူးယော့ခ်မှာ တွေ့ရပါတယ်။

play

ဖက်ရှင်ကျလှတဲ့ မင်းသမီးဟာ Eclipsed ပြဇာတ်မှာ သရုပ်ဆောင်ဖို့အတွက် မက်ဟန်တန်က Public Theater ကို အသွားမှာ အညိုနဲ့ အဖြူစပ်ထားပြီး အနက်ရောင် ဆေးစက်တွေပြန်ကျဲနေတဲ့အဆင်ရှိတဲ့ လောင်းကုတ်အရှည်ကို ဝတ်ဆင်ထားတာပါ။

play

မက္ကဆီကိုမှာ မွေးဖွားခဲ့ပြီး ကင်ညာမှာ ကြီးပြင်းခဲ့တဲ့ မင်းသမီးဟာ လောင်းကုတ်အင်္ကျီ ခေါင်းစွပ်ကို စွပ်ပြီး ပြဇာတ်ရုံထဲကို ပြုံးပြုံးရွှင်ရွှင်ဝင်လာတဲ့ပုံက တက်ကြွလန်းဆန်းနေပါတယ်။

play

အသက် ၃၂ နှစ်ရှိပြီဖြစ်တဲ့ လူပီတာဟာ အတွင်းမှာ အပြာရောင် ရှပ်အင်္ကျီနဲ့ အနက်ရောင် မီနီစကပ်နဲ့ ဖိနပ်ကိုတော့ အနက်ရောင် လယ်သာဘွတ်အတို ဝတ်ဆင်ထားပါတယ်။

Source and Photos: www.dailymail.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ