Entertainment: ကေတီပယ်ရီက တော်ဝင်လေတပ်က အရာရှိတစ်ဦးအား စိတ်ဝင်စားနေ

ကေတီပယ်ရီဟာ အသက် ၄၈ နှစ်အရွယ် မိုက်ခ်ဝုစ်ကို အမျိုးသားဆိုရင် အသက် ၅၀ ပြည့်မှ သူမ မစိတ်မဝင်စားတော့တာပါလို့ ပြောခဲ့ပါတယ်။

play

 

ကေတီပယ်ရီဟာ ဒူဘိုင်းမှာရှိတဲ့ အင်္ဂလန်ရဲ့ တော်ဝင်လေတပ်အဖွဲ့ဝင်တစ်ယောက်ကို အရမ်းကို စိတ်ဝင်စားနေတယ်လို့ မကြာသေးမီက သိရှိခဲ့ရပါတယ်။ ဒူဘိုင်းမြို့၊ Atlantis Palm ဟိုတယ်မှာကျင်းပတဲ့ ဂီတပွဲမှာ သူတို့နှစ်ဦးဟာ အပြန်အလှန်ကျီစယ်စကားတွေ ဆိုခဲ့ကြပါတယ်တဲ့။

မိုက်ခ်က သူ့ကိုယ်သူ မိတ်ဆက်တော့ ကေတီက မိုက်ခ်ရဲ့လေယူလေသိမ်းက အရမ်းဆွဲဆောင်မှုရှိတယ်လို့ပြောပြီး အာဖဂန်နစ္စတန်မှာ ကြိုးစားလုပ်ဆောင်ခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်။ ကေတီက စင်မြင့်ပေါ်ကနေ လူအုပ်ထဲကို ခုန်ချလိုက်ရင် သူမကို အောက်က ဖမ်းမှာလားလို့ မိုက်ခ်ကို မေးခဲ့ပါတယ်။

play

မိုက်ခ်က သူ့ရဲ့လိပ်စာကတ်ကိုပေးပြီး အသက် ၄၈ နှစ်ပြည့်မွေးနေ့ကို ကျင်းပနေကြောင်းပြောတော့လည်း အသက် ၃၇ နှစ်ရှိ အဆိုတော်သီချင်းရေးဆရာ ဂျွန်မေရာနဲ့ ပြတ်လိုက်တွဲလိုက်ဖြစ်နေတဲ့ နာမည်ကျော် အဆိုတော်လေးက သူမရဲ့ နောက်ဆုံးလစ်မစ်က အသက် ၅၀ ဖြစ်ကြောင်းလည်း ပြောခဲ့ပြန်ပါသေးတယ်။

Atlantis Palm ဟိုတယ်မှာကျင်းပတဲ့ အဲဒီဂီတပွဲမှာ သူမက မိုက်ခ်အတွက် မွေးနေ့လက်ဆောင်အဖြစ် သီချင်းဆိုပေးခဲ့ပါတယ်။

Source and Photos: http://www.mirror.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ