Entertainment: အသက် ၆၁ နှစ်ရှိ ခရစ္စတီးဘရင်ကလေ ငယ်ရွယ်နုပျိုလှပနေဆဲ

ခရစ္စတီးဘရင်ကလေဟာ နယူးယော့ခ်မှာ သူမရဲ့စာအုပ်သစ် Timeless Beauty ကို အရောင်းမြှင့်တင်မှု ဆက်တိုက်လုပ်နေချိန်မှာ လှပသွက်လက်နေတာကို တွေ့ရပါတယ်။

play

 

နေဗီပြာရောင် စကတ်ဒီဇိုင်းဆန်းနဲ့ အေးမြတဲ့ရာသီဥတုကို အံတုနိုင်ဖို့ အပြာရောင်ကုတ်အင်္ကျီရှည်ကို ပခုံးပေါ်တင်ထားပြီး စတိုင်ကျ လှပနေတဲ့ အသက် ၆၁ နှစ်အရွယ် မော်ဒယ်မင်းသမီးကြီးဟာ သူမရဲ့ရှိရင်းစွဲ အသက်အရွယ်ထက်များစွာ ငယ်ရွယ်နေတယ်လို့ ထင်ရပါတယ်။

သူမရဲ့အလှကို ရွှေဝါရောင်ဆံပင်အဖြောင့်နဲ့ ပန်းရင့်ရောင်နှုတ်ခမ်းနီက သူမရဲ့အလှကို ပြည့်စုံအောင် ပံ့ပိုးပေးထားပြန်ပါတယ်။

play

 

ကျက်သရေရှိရှိ လှတဲ့ ရွှေဝါရောင်ဆံပင်ပိုင်ရှင် ခရစ္စတီးက သူမရဲ့စာအုပ်သစ်အတွက် တစ်ပတ်လုံး မနားမနေ အရောင်းမြှင့်တင်ရေး လုပ်နေတာပါ။

play

 

သူမရဲ့ ပထမဆုံးထုတ်ဝေတဲ့ အဲဒီစာအုပ်ထဲမှာ အိုမင်းရင့်ရော်မှုကို ဘယ်လိုကာကွယ်ရမယ်ဆိုတာကို အကြံပေးထားတာပါ။ သူမကိုယ်တိုင်တောင် အခုထိ အလှမပျက်ဖြစ်နေဆဲဆိုတော့ အဲဒီစာအုပ်ကလည်း စိတ်ဝင်စားစရာကောင်းမှာ သေချာပါတယ်။

Source and photos: http://www.express.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ