Entertainment: စိုးသူရဲ့ (၁၂) ခွေမြောက် တေးအယ်လ်ဘမ် မကြာမီ ဖြန့်ချိမည်

တေးအယ်လ်ဘမ်၏ အမည်ကို သီချင်းနှစ်ပုဒ်၏ နာမည် ပေါင်းစပ်ပြီး ပေးထားခြင်းဖြစ်ကာ ၊ တေးသီးချင်း ၁၄ ပုဒ်ပါဝင်မည်။

 

Photo: Soe Thu Facebook

သရုပ်ဆောင် အဆိုတော် အကယ်ဒမိ စိုးသူ၏ ၁၂ ခွေမြောက် “အမြတ်နိုးဆုံးမင်းအကြောင်းလေး” တစ်ကိုယ်တော်တေးအယ်လ်ဘမ်သစ်အား နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ဖြန့်ချိသွားမည်ဖြစ်ကြောင်းသိရသည်။

တေးအယ်လ်ဘမ်၏ အမည်သည် သီချင်းနှစ်ပုဒ်၏ နာမည်ကို ပေါင်းစပ်ပြီး ပေးထားခြင်းဖြစ်ကာ ၊ တေးသီးချင်း ၁၄ ပုဒ်ပါဝင်မည်။

www.s-tentertainment.com မှ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် တေးအယ်လ်ဘမ်သစ်ထဲမှ တေးသီချင်း ၁၂ ပုဒ်ကို ၄ ပုဒ်စီ ခွဲကာ စတင်ရောင်းချပေးသွားမည်ဖြစ်ပြီး ၊ ပထမဆုံး Download ပြုလုပ် ၀ယ်ယူသူအား စိုးသူ၏ တစ်ကိုယ်တော် ဖျော်ဖြေပွဲ ကျပ် ၅,၀၀၀ တန် လက်မှတ် ပေးအပ်သွားမည်ဖြစ်သည်။

တေးရေးများအဖြစ် ဒဲရက်(ခ်)မင်(လ်)လာ၊ တင်မောင်နီ(ခ) ဖာရွတ်၊ စောခူဆဲလ်၊ နောင်နောင် (S.F) ၊ စကိုင်း(ရို့(စ်)ဘားမား)၊ ဖိုးကာ၊ ရယ်ဂျီ၊ လင်းနစ်၊ အောင်ကိုမြင့်၊ ရော်နယ်လ်၊ သော်ကြီး၊ ကလုန်း(န်)၊ နေထိုက်စိုး၊ စိုးသူတို့မှ ရေးသားထားကာ၊ ၂၀၁၃ ခုနှစ်ကတည်းက စတင် စီစဉ်ခဲ့ခြင်းဖြစ်သည်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ