Entertainment: ဂျက်စတင်ဘီဘာက သူရဲ့သီချင်းသစ်ထဲမှာ ဆယ်လီနာဂိုးမက်ဇ်ကို လွမ်းဆွေးပြခဲ့

သူ့ရဲ့သီချင်းသစ် No Pressure ထဲမှာ ဆယ်လီနာကို ရည်ရွယ်ထားတဲ့ စာတွေချည်းဖြစ်နေတဲ့အတွက် ဂျက်စတင်က ဆယ်လီနာ့ကို ပြန်ပြီး တွဲချင်နေတာ သေချာပါတယ်။

play

 

ဆယ်လီနာက သူ့ဘဝကို ပြောင်းလဲပေးခဲ့ပြီး သူမမရှိဘဲ တစ်စက္ကန့်တောင် မကုန်ဆုံးချင်ပါဘူးလို့ ဆိုထားပါတယ်။

ဂျစတင်ဘီဘာရဲ့ အယ်လ်ဘမ်အသစ် Purpose ဟာ စောစောစီးစီး ပေါက်ကြားသွားခဲ့ပြီး သီချင်းအများစုက ဆယ်လီနာအကြောင်း စပ်ဆိုထားသလိုပါပဲ။ အထူးသဖြင့် No Pressure ဆိုတဲ့ သီချင်းထဲမှာ အဓိကပါပါတယ်။

သီချင်းထဲမှာ ဂျက်စတင်က မိန်းကလေးတစ်ယောက်ကို ဖုန်းအကြိမ်ကြိမ်ဆက်ခဲ့ပေမယ့် သူမက ဖုန်းမကိုင်ခဲ့ဘူးလို့ ဆိုပါတယ်။ အဲဒါဟာ ဆယ်လီနာပဲလို့ အားလုံးက ယူဆထားပါတယ်။

play

 

ဒါပေမဲ့ ဂျက်စတင်က ဆယ်လီနာနဲ့ အမိုးထဲအောက်ထဲ အတူရှိနေရဲသေးပုံမပေါ်ပါဘူး။ Victoria’s Secret ဖက်ရှင်ရှိုးကို ဆယ်လီနာ ပါဝင်ဖျော်ဖြေခဲ့တဲ့အတွက် မတက်တာလို့ သူက ပြောခဲ့ပါသေးတယ်။

Source : www.hollywoodlife.com

Photos : www.hollywoodlife.com

ဂျက်စတင်ဘီဘာရဲ့ သီချင်းသစ် No Pressure

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ