Entertainment: ဂျော့ဂ်ျကလွန်နီက ပါးပြင်ကို နမ်းသွားတဲ့အတွက် ပျော်ရွှင်နေတဲ့ အမျိုးသမီး

နိုဝင်ဘာလ ၁၂ ရက်မှာ ဟောလိဝုဒ် မင်းသားကြီး ဂျော့ဂ်ျကလွန်နီနဲ့ နေ့လယ်စာ အတူစားခွင့်ရတဲ့ အမျိုးသမီးတစ်ဦးက အဲဒီအခွင့်အရေးကို ရရှိတဲ့အတွက် အလွန်ပျော်ရွှင်မိကြောင်း ဖွင့်ဟ ပြောကြားခဲ့ပါတယ်။

play

 

အီဒင်ဘာ့ဂ်ကို လာလည်တဲ့ ကမ္ဘာကျော် မင်းသားကြီးနဲ့ တိုက်ဂါးလီလီဘားမှာ နေ့လယ်စာစားခွင့်ရတာကို ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူးလို့ မင်္ဂလာပွဲ စီစဉ်ပေးသူ အသက် ၃၂ နှစ်ရှိ ဟယ်သာ မက်ဂိုဝန်က ပြောပါတယ်။ ဒီအခွင့်အရေးကို သူမက itison ဝက်ဘ်ဆိုဒ်က ပြုလုပ်တဲ့ ပြိုင်ပွဲကနေတစ်ဆင့် ရရှိခဲ့တာပါ။

ဂျော့ဂ်ျဆီကနေ အနမ်းတစ်ပွင့်ကို ရရှိခဲ့တာကတော့ တကယ့်ကို ကျေနပ်စရာပါပဲ။

play

 

 “သူက စွဲဆောင်မှုအကောင်းဆုံး ယောက်ျားပါ။ လူတိုင်းက သူ့ပြောသမျှမှာ လုံးဝကို နစ်မြောသွားတာ” လို့ ဟယ်သာက ပြောပါတယ်။ ဂျော့ဂ်ျနဲ့ တွေ့စဉ်မှာ သူမ အရမ်းစိတ်လှုပ်ရှားလွန်းနေမှာကို စိုးရိမ်ခဲ့ပေမယ့် စိတ်ကို ငြိမ်အောင် ထိန်းထားနိုင်ခဲ့ပါတယ်တဲ့။

play

ဂျော့ဂ်ျနဲ့ ဟယ်သာက ဂျော့ဂ်ျစိတ်ဝင်စားတဲ့ စီးပွားရေးလုပ်ငန်းအကြောင်းကစ မကြာသေးခင်ကမှ ပြုလုပ်ခဲ့တဲ့ သူရဲ့ မင်္ဂလာပွဲအဆုံး အကြောင်းအရာ တော်တော်များများကို ပြောဖြစ်ခဲ့ကြပါတယ်။

Source and photos : www.dailymail.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ