Entertainment: ၂၀၁၅ ခုနှစ်မှာ ဆလီနာဂိုးမက်ဇ်ရဲ့ ကော်ဇောနီပေါ်က အလန်းဆုံးစတိုင်တွေ

ဆလီနာက ကော်ဇောနီပေါ်မှာ ဘယ်လိုဝတ်ရမယ်ဆိုတာ ကောင်းကောင်းသိတဲ့သူဖြစ်ပြီး ဘယ်တော့မှ သူမဖက်ရှင်အတွက် စိုးရွံ့နေတာမရှိပါဘူး။ သူမရဲ့ ကော်ဇောနီပေါ်က အမိုက်စား ဒီဇိုင်းတွေကို ကြည့်လိုက်ကြပါစို့။

play

 

နောက်ဆုံးပွဲဖြစ်တဲ့ Victoria’s Secret ဖက်ရှင်ရှိုးက စလိုက်ကြရအောင်။ မော်ဒယ်တွေက လျှောက်လမ်းအတိုင်း လမ်းလျှောက်လာစဉ်မှာ မင်းသမီးပေါက်စလေး ဆလီနာက Me & My Girls သီချင်းနဲ့ ဖျော်ဖြေနေပါတယ်။ ဒါပေမဲ့ သူမကိုယ်တိုင်လည်း မော်ဒယ်တစ်ယောက်အတိုင်းပါပဲ။ သူမရဲ့ ရင်နှစ်မွှာကြားကို အတော်လေး လှစ်ဟထားတဲ့ ဗွီရှိတ်လည်ပင်းပုံ အနက်ရောင် ဝတ်စုံလေးနဲ့ ရင်ဖိုစရာကောင်းနေပါတယ်။

play

 

Victoria’s Secret ရဲ့ pink carpet နဲ့ after parties ပွဲနှစ်ခုမှာလည်း ပိုလန်းသထက်လန်းအောင် သူမစီစဉ်နိုင်ခဲ့ပြန်ပါသေးတယ်။ pink carpet ပွဲအတွက် ခပ်မိုက်မိုက် အနက်ရောင်လည်သာဝတ်စုံ၊ after party အတွက် နေဗီရောင် ပိတ်စကို အပိုင်းပိုင်းဖြတ်ပြီး ဆက်ထားတဲ့ဒီဇိုင်းနဲ့ ဝတ်စုံကို ဝတ်ထားပါတယ်။ တကယ့်ကို နတ်သမီးလေး တစ်ပါးလိုပါပဲ။

play

 

ဆလီနာက တစ်ရက်ကို ပုံစံနှစ်မျိုးနဲ့ ရှိုးပြချင်သူပါ။ အထူးသဖြင့် ပွဲကြီးတွေမှာပေါ့။ 2015 VMAs ပွဲမှာဆိုရင် အသားကပ် အနက်ရောင်ဝတ်စုံနဲ့ ထွက်လာပြီး after party ပွဲမှာတော့ အနက်ရောင် လက်ပြတ်ဝတ်စုံကို ဝတ်ဆင်ထားပါတယ်။

play

 

2015 Met Gala ပွဲမှာ ဆလီနာက ဆက်စီကျတဲ့ မင်းသမီးလေးတစ်ပါးလို အဖြူရောင်ဝတ်စုံရှည်ကြီးနဲ့ တစ်မျိုးလေး လှနေခဲ့တယ်။ သူမရဲ့ ဆက်လိုက်ပြတ်လိုက် ရည်းစားဟောင်း ဂျက်စတင်ဘီဘာကတောင် သူမအရမ်းကို ကျက်သရေရှိတာပဲလို့ ပွဲအပြီးမှာ တအံ့တသြပြောခဲ့ပါသေးတယ်။

play

 

မိန်းကလေးတွေ ရင်ပြတ်အင်္ကျီဝတ်တာလောက် လှတာမရှိပါဘူး။ ဆလီနာကတော့ ရင်ပြတ်အင်္ကျီ ဝတ်ဆင်သူတွေထဲမှာ အလှဆုံးပဲလို့ ဆိုနိုင်ပါတယ်။ သူမဟာ Hotel Transylvania 2 photo call ပွဲမှာ အနီရောင် ဝတ်စုံနဲ့ အလှကြီးလှနေခဲ့ပါတယ်။

Source : hollywoodlife.com

Photos : www.hollywoodlife.com,img.huffingtonpost.com,dailymail.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ