Entertainment: ဖေ့စ်ဘွတ်ခ်မှ ကောလဟာလများ မယုံကြရန် စိုင်းစိုင်း မေတ္တာရပ်ခံ

, updated

‘‘ပရိသတ်များခင်ဗျာ ကျွန်တော်စိုင်းစိုင်းခမ်းလှိုင်နဲ့   ပတ်သက်ပြီး ကောလဟာလသတင်း ဖြန့်ချိတာတွေ  ရှိနေပါတယ်။ သတင်းမီဒီယာတွေရဲ့ စာမျက်နှာ အစစ်က မဟုတ်ရင် မယုံကြည်ကြဖို့ မေတ္တာရပ်ခံပါတယ်ဗျာ’’ဟု စိုင်းစိုင်းမှ ရေးသားထားသည်။

play

Photo: Sai Sai Facebook

အဆိုတော် စိုင်းစိုင်းခမ်းလှိုင်မှ ဖေ့စ်ဘွတ်ခ်တွင် ကောလဟာလသတင်းဖြန့်ချိမှုများကို ပရိသတ်များ မယုံကြည်ကြရန် ၎င်း၏ တရားဝင် Fan Page၌ ရေးသားထားသည်။

သမ္မတဦးသိန်းစိန်ကို အဆိုတော် စိုင်းစိုင်းခမ်းလှိုင်က သမ္မတရာထူးဆက်လက် ထမ်းဆောင်ရန် မျှော်လင့်မိကြောင်း The National News အား ပြောကြားသွားခဲ့သည်ဆိုသည့် အကြောင်းအရာကို မိုးစက်တင်လေ  ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် နိုဝင်ဘာ ၁၃ ရက်က ဖော်ပြခဲ့သည့်အတွက် ယခုလို ရှင်းလင်းရေးထားခဲ့ခြင်းဖြစ်သည်။

play

Photo: Sai Sai Facebook

‘‘ပရိသတ်များခင်ဗျာ ကျွန်တော်စိုင်းစိုင်းခမ်းလှိုင်နဲ့   ပတ်သက်ပြီး ကောလဟာလသတင်း ဖြန့်ချိတာတွေ  ရှိနေပါတယ်။ သတင်းမီဒီယာတွေရဲ့ စာမျက်နှာ အစစ်က မဟုတ်ရင် မယုံကြည်ကြဖို့ မေတ္တာရပ်ခံပါတယ်ဗျာ’’ဟု စိုင်းစိုင်းမှ ရေးသားထားသည်။

စိုင်းစိုင်းခမ်းလှိုင်သည် ယခု ရက်ပိုင်းတွင် ငွေဆောင်ကမ်းခြေတွင် ပြုလုပ်နေသည့် Beach Glow Party ၌ ပါဝင်ဖျော်ဖြေနေသည်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ