Entertainment: မယ်ဒေါနားက သူမရဲ့ဂီတပွဲမှာ ပါရီအကြမ်းဖက်ခံရမှုအတွက် ဝမ်းနည်းစကား ပြောကြားရင်း ငိုကြွေးခဲ့

ပါရီမြို့မှာ အကြမ်းဖက်တိုက်ခိုက်ခံရပြီးနောက်တစ်နေ့မှာ ကျင်းပတဲ့ သူမရဲ့ Rebel Heart Tour ရဲ့ပထမဆုံးပွဲမှာ သေဆုံးသူများအတွက် ဝမ်းနည်းစကားပြောကြားရင်း မက်ဒေါနားဟာ မျက်ရည်မထိန်းနိုင်ခဲ့ပါဘူး။

play

 

နိုဝင်ဘာလ ၁၄ ရက်နေ့၊ ဆွီဒန်မှာ ဖျော်ဖြေတင်ဆက်နေရင်း အသက် ၅၇ နှစ်အရွယ် နာမည်ကျော်အဆိုတော်ကြီးဟာ ဝမ်းနည်းကြေကွဲဖွယ် တိုက်ခိုက်မှုကြီးမှာ သေဆုံးခဲ့ရသူတွေအတွက် ခဏလောက်ငြိမ်ပေးဖို့လည်း တောင်းဆိုခဲ့ပါတယ်။

 “မနေ့ညက ဖြစ်ပျက်သမျှကို မေ့ပစ်ပြီး ဒီပွဲကို ကျင်းပဖို့အတွက် ကျွန်မကို အရမ်းခက်ခဲပါတယ်။ လူတွေက ကိုယ်ချစ်ရတဲ့သူတွေကို ဆုံးရှုံးလိုက်ရလို့ ငိုကြွေးနေစဉ်မှာ ကျွန်မက ဒီမှာ ကပြ ပျော်ရွှင်နေရသလိုပဲ” လို့ သူမက ပြောခဲ့ပါတယ်။

play

 

 “ဒါပေမဲ့ သူတို့တွေ လိုချင်တာ ဒါပဲလေ။ သူတို့က ကျွန်မတို့ကို ပါးစပ်ပိတ်သွားစေချင်တာ။ အဲဒီလို အဖြစ်မခံနိုင်ဘူး။ စည်းလုံးညီညွတ်မှုမှာ စွမ်းအားရှိတယ်။ ပါရီမှာတင်မကဘူး၊ တစ်ကမ္ဘာလုံးမှာ ပဋိပက္ခတွေ၊ နာကျင်မှုတွေ၊ အဓိပ္ပာယ်မဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေတွေ အများကြီး ဖြစ်ပွားနေသလို အကြင်နာတရားတွေက အဲဒီထက် ပိုရှိတယ်ဆိုတာ ကျွန်မ ယုံကြည်တယ်။ အဲဒါကို ကျွန်မတို့ သက်သေပြရမယ်” လို့ သူကမ ပြောခဲ့ပါတယ်။

ပရိသတ်ကြီးက မယ်ဒေါနားရဲ့ ပြောကြားချက်အပေါ် လက်ခုပ်တီးပြီး အားပေးခဲ့ကြပါတယ်။

play

 “အစကတော့ ကျွန်မ ဒီညပွဲကို ဖျက်ပစ်တော့မလို့ပဲ။ ဒါပေမဲ့ ကိုယ့်ဘာသာတွေးမိတယ်။ ဘာလို့ သူတို့ကို အဲဒီလို လုပ်ခွင့်ပေးမှာလဲ။  ကျွန်မတို့တွေ အလုပ်ကြိုးစားလုပ်တယ်။ ကျွန်မတို့ ပျော်ရွှင်မှုနဲ့ ထိုက်တန်တယ်။ ကျွန်မတို့လုပ်ချင်တာကို လုပ်ခွင့်မရအောင် ဘယ်သူမှ တားဆီးပိုင်ခွင့်မရှိဘူး” လို့လည်း မယ်ဒေါနားက ပြောခဲ့ပါတယ်။

အဲဒီနောက် မယ်ဒေါနာက ပါရီမှာ သေဆုံးခဲ့သူများအတွက် တစ်မိနစ်အတူ ငြိမ်သက်ကြဖို့ ပရိသတ်ကို တောင်းဆိုခဲ့ပြီး Like a Prayer သီချင်းကို ဝမ်းနည်းဆွေးမြေ့စွာ သီဆိုခဲ့ပါတယ်။

Source : www.etonline.com

http://www.etonline.com/

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ