Entertainment: အမေရိကမှာ အနိုင်ကျင့်ခံခဲ့ရတယ်လို့ ဆိုတဲ့ ဘောလိဝုဒ် မင်းသမီး ပရီယန်ကာချော်ပရာ

, updated

“ဘရောင်နီလို့လည်း ခေါ်ခံခဲ့ရတယ်။ ပြီးတော့ ကိုယ့်နိုင်ငံကိုယ်ပြန်လို့လည်း ပြောခံခဲ့ရတယ်” လို့ သူမနာမည်မကျော်ခင် အနိုင်ကျင့်ခံရကြောင်းကို ပရီယန်ကာချော်ပရာက ပြောပြခဲ့ပါတယ်။

play

 

အခုတော့ သူမဟာ Quantico တီဗွီစီးရီးရဲ့ကျေးဇူးကြောင့် အခုဆိုရင် နာမည်ကျော်သွားပါပြီ။ အသက် ၃၃ နှစ်အရွယ် အိန္ဒိယ အလှပဂေးလေးအတွက် အရာရာက လွယ်ကူခဲ့တာ မဟုတ်ပါဘူး။

play

 “ဘရောင်နီလို့ အခေါ်ခံခဲ့ရသလို ကျွန်မရဲ့ဟင်းကိုယူပြီး ကိုယ့်နိုင်ငံကိုယ်ပြန်တော့လို့ အပြောခံခဲ့ရတယ်။ နေထိုင်ရတာ ခက်ခဲခဲ့ပါတယ်။ ကျွန်မအိမ်ပဲ ပြန်ချင်ခဲ့တာ” လို့ သူမက ဆိုပါတယ်။

play

 

သူမဟာ အိန္ဒိယမှာ အလှဘုရင်မတစ်ပါးလို ဖူးပွင့်ခဲ့တာ။ ယူကေရဲ့ Miss World Pageant ပြိုင်ပွဲမှာ အနိုင်ရခဲ့ပြီးနောက် သရုပ်ဆောင်ဖို့အတွက် သူမရဲ့ ယုံကြည်မှုတွေ ပိုမိုရှိလာခဲ့ပါတယ်။ နောက်တော့ ဘောလိဝုဒ်ရုပ်ရှင်တွေမှာ ပါဝင်လာခဲ့သူပါ။

Source : www.dailymail.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ