Entertainment: ဘရက်ပစ်နဲ့ အိန်ဂျယ်လီနာဂျိုလီက အစဉ်အလာကို ဆန့်ကျင်တဲ့ မိဘတွေလို့ နာနီဟောင်းတွေကပြော

ဘရက်နဲ့ အိန်ဂျယ်လီနာက စာအုပ်ကြီးအတိုင်းလုပ်တာကို မကြိုက်ဘူးလို့ သူတို့ရဲ့နာနီဟောင်းတွေက မဂ္ဂဇင်းတစ်စောင်ကို ပြောခဲ့ပါတယ်။

play

ဘရက်နဲ့ အိန်ဂျယ်လီနာက စာအုပ်ကြီးအတိုင်းလုပ်တာကို မကြိုက်ပါဘူး။

သူတို့ရဲ့ ကလေးခြောက်ယောက်ကိုလည်း အဲဒီနည်းအတိုင်းပဲ ပြုစုပျိုးထောင်တယ်လို့ နာနီဟောင်းတွေ အပြောအရ သိရပါတယ်။

play

 “သူတို့က ဟစ်ပီတွေကြားမှာ  နေလာတဲ့အတိုင်းပဲ။ အန်ဂျီကဆို စည်းမျဉ်းတွေကို အယုံအကြည်မရှိဘူး။ ကလေးတွေ လွတ်လပ်စွာ ပြောဆိုခွင့်ရှိဖို့ အရေးကြီးတယ်လို့ သူက ထင်တယ်။ ဒါပေမဲ့ အဲဒီလိုကြီး အမြဲ ပုံသေလုပ်လို့မရဘူး” လို့ သူတို့ရဲ့နာနီဟောင်း တစ်ယောက်က Star မဂ္ဂဇင်းကို ပြောပါတယ်။

play

အသက် ၄၀ နှစ်ရှိပြီဖြစ်တဲ့ မင်းသမီးဟာ သူ့ကလေးတွေကို အိမ်မှာ စာသင်ခိုင်းပြီး အဆင်ပြေမယ့်ဟာ သင်စေတယ်လို့ အခြားနာနီတစ်ဦးကလည်း ပြောပါတယ်။

play

 “ကလေးတွေ သင်ချင်တာကို သူက သင်ခိုင်းတယ်။ ကလေးတွေ စိတ်မဝင်စားတာတွေကို လျစ်လျူရှုခိုင်းတယ်။ အိမ်စာတွေလည်း သူတို့မလုပ်ဘူး။ အင်တာနက်ကို ကြိုက်သလို ကြည့်ခွင့်ပေးထားတယ်။ အိပ်ချင်စိတ်မရှိမချင်း မအိပ်ဘဲနေဖို့လည်း ခွင့်ပြုထားတယ်” လို့ သူမက ဆိုပါတယ်။

Source: www.news.com.au

Photos : www.news.com.au , www.dailymail.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ