Entertainment: ကမ္ဘာ့ဆွဲဆောင်မှု အရှိဆုံးအမျိုးသားဖြစ်အဖြစ် ဘက်ခမ်းကို ရွေးချယ်

၂၀၁၅ ခုနှစ်အတွက် ကမ္ဘာ့ဆွဲဆောင်မှုအရှိဆုံး အမျိုးသားက ဒေးဗစ်ဘက်ခမ်းလို့ People မဂ္ဂဇင်းက ကြေငြာလိုက်ပါတယ်။

play

 

People ကနှစ်စဉ်ရွေးချယ်တဲ့ ကမ္ဘာ့သက်ရှိထင်ရှားစွဲဆောင်မှုအရှိဆုံး အမျိုးသားဆုရှင်အသစ် ထွက်လာပြန်ပါပြီ။ People မဂ္ဂဇင်းရဲ့  ရွေးချယ်မှုအရ ၂၀၁၅ ခုနှစ်အတွက် ကမ္ဘာ့စွဲဆောင်မှုအရှိဆုံး အမျိုးသားက ဒေးဗစ်ဘက်ခမ်းဖြစ်ပါတယ်။

play

 

အသက် ၄၀ အရွယ်ရှိပြီဖြစ်တဲ့ ဘောလုံးသမားဟောင်းဘက်ခမ်းဟာ ဆယ်စုနှစ်နှစ်ခုနီးပါးကြာမြင့်တဲ့ အထိ စွဲဆောင်မှုအရှိဆုံအမျိုးသားစာရင်းထဲမှာ ပါဝင်နေဆဲ ဖြစ်ပါတယ်။ စပိုက်ဂဲလ်အဖွဲ့ဟောင်းဖြစ်တဲ့ ဗစ်တိုးရီးယားဘက်ခမ်းရဲ့ ခင်ပွန်းဖြစ်သူ ဒေးဗစ်ဘက်ခမ်းဟာ သားသမီး ၃ ဦးရဲ့ ဖခင်လည်းဖြစ်ပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ကတော့ ကိုယ့်ကိုကိုယ် ဆွဲဆောင်မှုရှိသူတစ်ဦးအဖြစ် မခံစားရဘူးလို့ ဘက်ခမ်းက ဆိုပါတယ်။

play

 

“ကိုယ့်ကိုကိုယ်တော့ ဆွဲဆောင်မှုရှိတဲ့သူလို့ မခံစားရဘူးဗျ။ အဝတ်အစားကောင်းတွေ ဝတ်ရတာကိုတော့ ကျွန်တော်ကြိုက်တယ်။ နေရထိုင်ရလည်း ကောင်းတယ်။ ဒါပေမယ့် ကိုယ့်ကိုကိုယ်တော့ ဒီလိုမျိုး မတွေးခဲ့ဖူးဘူးဗျ” လို့ ဘက်ခမ်းက People မဂ္ဂဇင်း ကိုပြောပါတယ်။

Source : www.people.com

Photos : www.kiss1023.ca

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ