Entertainment: နစ်ကိုး ရှာဇင်ဂါက တန်းနစ်သမား ဂရစ်ဂါနဲ့ တွဲနေ

တန်းနစ်သမား ဂရစ်ဂါ ဒင်မီထရော့ဗ်ဟာ တန်းနစ်မယ် မာရီယာ ရှာရာပိုဗာနဲ့ ပြတ်သွားပြီးတဲ့နောက် နီကိုး ရှာဇင်ဂါနဲ့ တွဲနေတယ်လို့ သိရပါတယ်။

play

 

အသက် ၃၇ နှစ်ရှိ ပေါ့အဆိုတော် အလှပဂေး နစ်ကိုးဟာ ဖော်မြူလာဝမ်း ပြိုင်ကားသမား လူးဝစ်ဟန်မင်တန်နဲ့ ကွဲပြီး ကတည်းက နာမည်ကြီးအမျိုးသား အတော်များများနဲ့ တွဲသွားတွဲလာရှိခဲ့ပေမယ့် ဂရစ်ဂါက သူမနှလုံးသားကို အပိုင်သိမ်းသွားပုံပါပဲ။

play

အသက် ၂၇ နှစ်ရှိ ဂရစ်ဂါက မာရီယာ ရှာရာပိုဗာနဲ့ ၂ နှစ် တွဲပြီးတဲ့နောက် ဇူလိုင်လမှာ ပြတ်သွားခဲ့တာပါ။ သူတို့နှစ်ဦးက သူငယ်ချင်းတွေလို ခင်ခင်မင်မင်ပဲ ဆက်လက် ရှိနေကြပါတယ်။

play

 

“နစ်ကိုးက ဂရစ်ဂါနဲ့ တွဲနေတယ်။ သူတို့တွေ တစ်ယောက်ကိုယ် တစ်ယောက် အရမ်း စွဲလမ်းနေကြပြီ။ ဒါပေမဲ့ လူတွေရဲ့ မျက်စိဒေါက်ထောက်ကြည့်ခံရရင် သူတို့ရဲ့ ဆက်ဆံရေးမှာ ဖိအားဖြစ်မှာစိုးလို့ ဓာတ်ပုံအတူ မရိုက်ဖြစ်အောင် သတိထားနေကြတာ” လို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

နစ်ကိုးရဲ့ ရည်းစားဟောင်း လူးဝစ်က ဒီကိစ္စကို မကျေနပ်ဘူးလို့လည်း ထိုသူက ပြောသွားပါတယ်။

Source and Photos : www.mirror.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ