Entertainment: အိုင်းရင်းခရော့စ် အခမဲ့ ဖျော်ဖြေပွဲကျင်းပမည်

တစ်ဖွဲ့လုံးပါဝင်ဖျော်ဖြေမည့်ပွဲကို ရုပ်သံလိုင်းများမှ ထုတ်လွှင့်ပြသခြင်းမှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။

play

 

၂၀၁၅ ခုနှစ် ၊ နိုဝင်ဘာလ (၂၄) ရက်နေ့ ၊ တောင်ကြီးမြို့ ၊ အဝေရာ မီးပုံးပျံကွင်း၌ ညနေ (၅) နာရီခွဲတွင် အိုင်းရင်းခရော့စ်အဖွဲ့မှ အခမဲ့ဖျော်ဖြေပွဲ ပြုလုပ်သွားမည်ဖြစ်ပြီး ရုပ်သံလိုင်းများမှလည်း ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်းသိရသည်။

play

 

ထိုကဲ့သို့ တစ်ဖွဲ့လုံးပါဝင်သည့် ဖျော်ဖြေမှုအား ပထမဆုံးအကြိမ် ရုပ်သံလိုင်းများမှ ထုတ်လွှင့်ပြသခြင်းဖြစ်ကာ  ညနေ (၆) နာရီခွဲခန့်တွင် 4HDနှင့် 5 Special ရုပ်သံလိုင်းများမှ ပြသသွားမည်ဖြစ်သည်။

တောင်ကြီး တန်ဆောင်တိုင်မီးပုံးပွဲတော်ကို နိုဝင်ဘာလ (၁၈) ရက်မှ (၂၇) ရက်နေ့အထိ ကျင်းပလျက်ရှိသည်။

Photo: IC Facebook, www.wikimedia.org

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ