Entertainment: အိမ်ထောင်သည်နဲ့ ချစ်ကြိုက်ခန်း ရိုက်ရတာကို အပြစ်ရှိတယ်လို့ ခံစားရတဲ့ ဂျနီဖာလောရန့်စ်

အိမ်ထောင်သည်ဖြစ်တဲ့ ခရစ်ကို နမ်းရှုံ့ဖိုအတွက် အတော်လေးခက်ခဲတဲ့အတွက် အဲဒီလို လုပ်ခဲ့ရတာပါလို့ ဂျနီဖာက ဆိုပါတယ်။

play

 

သိပ္ပံဇာတ်ကားသစ် Passengers ထဲမှာ ခရစ်ပရက်တ်နဲ့ သူမရဲ့ ပထမဆုံး ချစ်ကြိုက်ခန်းရိုက်တော့ သူမ အရက်မူးအောင် သောက်ခဲ့ရတယ်လို့ ဂျနီဖာလောရန့်စ်က ဝန်ခံခဲ့ပါတယ်။

play

 

အိမ်ထောင်သည်ဖြစ်တဲ့ ခရစ်ကို နမ်းရှုံ့ဖိုအတွက် အတော်လေးခက်ခဲတဲ့အတွက် အဲဒီလို လုပ်ခဲ့ရတာပါလို့ ဂျနီဖာက ဆိုပါတယ်။

အသက် ၂၅ နှစ်ရှိ ဟောလိဝုဒ်ရဲ့နာမည်ကြီး မင်းသမီးမှာ ဒီရုပ်ရှင်ကား မတိုင်ခင်အထိ ဘယ်သူနဲ့မှ ချစ်ခန်းကြိုက်ခန်းတွေ မရိုက်ခဲ့ဖူးပါဘူး။

play

 

ခရစ်ဟာ မင်းသမီးအန်နာဖာရစ်နဲ့ လက်ထပ်ထားသူပါ။

 “’ဒါက အိမ်ထောင်သည်တစ်ယောက်နဲ့ ပထမဆုံးအနမ်းပါပဲ။ ရင်ထဲမှာ အပြစ်ရှိတယ်ဆိုတဲ့ ခံစားချက်က အဆိုးဆုံးပဲ။ ဒါ ကျွန်မအလုပ်မှန်း ကျွန်မသိပါတယ်။ ဒါပေမဲ့ ဒါက ခံစားချက်လေ။ အဲဒါကြောင့် အမေ့ဆီ ဖုန်းဆက်ပြီး အဲဒီလိုလုပ်တာ ကောင်းပါ့မလားလို့ မေးဖြစ်ခဲ့တယ်လို့” ဂျနီဖာက ပြောပါတယ်။

Source and Photos: www.mirror.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ