Entertainment: သားဖြစ်သူကို တန်ဖိုးကြီး မွေးနေ့လက်ဆောင်ပေးတဲ့ မေဝယ်သာ

ဒေါ်လာ လေးသောင်းနီးပါးလောက် တန်ကြေးရှိတဲ့ မာစီးဒီးကား ကို မွေးနေ့လက်ဆောင် ပေးခဲ့တာပါ။

play

သားဖြစ်သူနဲ့ မေဝယ်သာ

ရှုံးပွဲမရှိလက်ဝှေ့ချန်ပီယံဖြစ်တဲ့ ဖလွိုက်မေဝယ်သာက သူ့ရဲ့ သားဖြစ်သူ ကိုရမ်အတွက် တန်ဖိုးကြီးမွေးနေ့  လက်ဆောင်တစ်ခု ပေးလိုက်ပြန်ပါပြီ။ ၁၆ နှစ်အရွယ်သားဖြစ်သူအတွက် ဒေါ်လာ ၄၀၀၀၀ နီးပါးတန်ဖိုးရှိတဲ့ မာစီးဒီးကားတစ်စီး မွေးနေ့လက်ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။

play

ဒီကားက တစ်နာရီကို ၁၅၀ မိုင်လောင် မောင်းနိုင်ပါတယ်

ပရော်ဖက်ကရှင်နယ်လက်ဝှေ့လောက ကနေ အနားယူလိုက်ပြီလို့ မကြာသေးခင်က ကြေငြာထားတဲ့ မေဝယ်သာက ပိုက်ဆုံးသုံးတဲ့နေရာမှာတော့ ပြိုင်ဘက်မရှိဖြစ်နေဆဲပါ။ အရင်ကလည်း ပိုက်ဆံသုံးတဲ့နေရာနဲ့ ပတ်သတ်လာရင် အလွန်နာမည်ကြီးသူဖြစ်ပါတယ်။ မကြာသေးခင်ကတော့ အိမ်တွင်းပါတီပွဲမှာ ဖော်ချွတ်မယ်တွေကို ကခိုင်းထားပြီး ပိုက်ဆံတွေကြဲနေတဲ့ မေဝယ်သာကို ဗီဒီယိုဖိုင်ထဲမှာ တွေ့ခဲ့ရပါသေးတယ်။ သူက ကားအသစ်ဝယ်တိုင်း လူမှုကွန်ယက် အင်စတာဂရမ်မှာ တင်နေကျပါ။

play

ရှုံးပွဲမရှိချန်ပီယံအဖြစ်နဲ့ အနားယူသွားတာပါ

အခုသူ့ရဲ့ သားငယ်ကို လက်ဆောင်ဝယ်ပေးတဲ့ မာစီဒီး C-Class COUPE မော်ဒယ်တွေက ဒေါ်လာ လေးသောင်းနီးပါကနေစပြီး ဒေါ်လာ ရှစ်သောင်းကျော်အထိ ရှိပါတယ်။ တစ်နာရီကို ၁၅၅ မိုင်လောက် မောင်းနိုင်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ