Entertainment: ပထမဆုံးဇာတ်ကားကို ဝေဖန်ပေးဖို့ပြောလိုက်တဲ့ သဉ္ဇာနွယ်ဝင်း

ယင်းဇာတ်ကားတွင် ရောဂါသည် ကောင်မလေးတစ်ယောက်အဖြစ် သရုပ်ဆောင်ထားပါတယ်။

play

 

၂၀၁၅ ခုနှစ် ၊ နိုဝင်ဘာလ (၂၇)ရက်နေ့၊ နေပြည်တော် ရုပ်ရှင်ရုံမှာ ပြသတော့မယ့် သဉ္ဇာနွယ်ဝင်းရဲ့ ပထမဆုံး ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ ‘ရည်းစားဦး’ နဲ့ပက်သက်ပြီးတော့ ဝေဖန်ပေးပါလို့ သူမကပြောပါတယ်။

play

 

‘ရည်းစားဦး’ ရုပ်ရှင်ဇာတ်ကားတွင် သဉ္ဇာနွယ်ဝင်းက သရုပ်ဆောင် အလင်းရောင်၊ အားဝေတို့နှင့် အတူ တွဲဖက်သရုပ်ဆောင်ထားပြီး ၊ ပရိသတ်တွေအတွက် အထူးကြိုးစားပြီးတော့ သရုပ်ဆောင်ထားတယ်လို့သိရပါတယ်။

play

 

ယင်းဇာတ်ကားတွင် ရောဂါသည် ကောင်မလေးတစ်ယောက်အဖြစ် သရုပ်ဆောင်ထားပြီး ဘဲလေးအကကို အဆိုပါဇာတ်ကား ရိုက်ကူးချိန်မှာ သင်ယူခဲ့ရတာပါ။

သူမအနေနဲ့ လက်ရှိအချိန်မှာတော့ ‘ကိုကို ငလက်မ’ ရုပ်ရှင်ဇာတ်ကားကို လူမင်း၊ ရာဇာနေဝင်း၊ ထွန်းထွန်း၊ စိုးမြတ်သူဇာတို့နှင့် ရိုက်ကူးထားပါတယ်။

Photo: Tinzar Nwe Win Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ