Entertainment: အနုပညာလှုပ်ရှားမှု နည်းသွားတဲ့ ကြိုးကြာ

အနုပညာကို မကြာခင်မှာ ပြန်လုပ်သွားမှာဖြစ်သလို ၊ သီချင်းတစ်ပုဒ်ချင်း အွန်လိုင်းကနေ ဖြန့်ချိဖို့ စီစဉ်နေပါတယ်။

play

 

အဆိုတော် ကြိုးကြာက သူမအနေနဲ့ မင်္ဂလာဧည့်ခံပွဲတွေမှာ သီချင်းသီဆိုဖျော်ဖြေဖြစ်သော်လည်း ကျန်ရှိနေတဲ့အချိန်တွေမှာတော့ ဘုရားကျောင်းမှာသာ အချိန်ပေးဖြစ်တဲ့အတွက် အနုပညာလှုပ်ရှားမှုနည်းသွားပါတယ်လို့ သိရပါတယ်။

သူမအနေနဲ့ လက်ရှိအချိန်မှာ အနုပညာလောကလှုပ်ရှားမှုနည်းသွားသော်လည်း အဆက်ပြတ်သွားတာမျိုးမရှိပဲ မကြာခင်မှာ ပြန်လုပ်သွားမှာဖြစ်သလို ၊ သီချင်းတစ်ပုဒ်ချင်း အွန်လိုင်းကနေ ဖြန့်ချိဖို့ စီစဉ်နေပါတယ်။

ယခင်က အကအဖွဲ့တစ်ဖွဲ့မှာ အပျော်အနေနဲ့ ကဖြစ်ပေမယ့်လည်း လက်ရှိအချိန်မှာ မကဖြစ်တော့ဘူးလို့သိရပါတယ်။

Photo: Kyoe Kar & Cindy Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ