Entertainment: လက်တင် ဂရမ်မီဆုပေးပွဲ စတိတ်စင်ပေါ်မှာ စိုးမိုးသွားတဲ့ ဝဲလ်စမစ်

သီချင်းသစ် မဆိုတော့တာ ဆယ်စုနှစ်တစ်စုကျော် ကြာပြီဖြစ်တဲ့ ဝဲလ်စမစ်သ်ဟာ နိုဝင်ဘာလ ၁၉ ရက် မှာတော့ လက်တင် ဂရမ်မီဆုပေးပွဲရဲ့ စတိတ်စင်ပေါ်မှာ အကောင်းဆုံး ဖျော်ဖြေသွားခဲ့ပါတယ်။

play
 

ဘွန်ဘာ အက်စတာရီယို တီးဝိုင်းနဲ့ သူနောက်ဆုံး သီဆိုထားတဲ့ Fiesta သီချင်းကို ရက်ပါကြီး ဝဲလ်က သီဆို သရုပ်ဆောင်ခဲ့တာပါ။ သူနဲ့အတူ ဘွန်ဘာ အက်စတာရီယိုရဲ့ အဆိုရှင် လီလီယာနာ ဆူးမက်က အဲဒီအဖွင့်သီချင်းကို သီဆိုခဲ့ပါတယ်။ ပရိသတ်ကြီးက ခုန်ပေါက် မြူးကြွနေချိန်မှာ ဝဲလ်က သီချင်းစာသားကို စပိန်လို ပြောင်းဆိုရင်း နှစ်ဘာသာစလုံးနဲ့ ရက်ပ်ကို ပိုင်ပိုင်နိုင်နိုင် သီဆိုနိုင်ကြောင်း ပြသွားခဲ့ပါတယ်။

play

 

အသက် ၄၇ နှစ်ရှိပြီဖြစ်တဲ့ ရက်ပါကြီးဟာ အခုထိ တခဲနက်အားပေးမယ့် ပရိသတ်ကြီး ရှိနေကြောင်း သက်သေပြသွားခဲ့ပါတယ်။

play

 

ဒါကတော့ သူ့ရဲ့ဇနီးသည်၊ အသက် ၂၃ နှစ်ရှိပြီဖြစ်တဲ့ သူ့ရဲ့အကြီးဆုံးသား ထရေးစမစ်သ်နဲ့အတူ တွေ့ရတဲ့ပုံပါ။ ဇနီးသည် ဂျာဒါပီးဂျက်စမစ်သ်နဲ့ ထရေးစမစ်သ်တို့ကလည်း သူ့ကို အားပေးရင်း သီချင်းသံနဲ့အတူ ကခုန်ခဲ့ကြပါသေးတယ်။

play

 

ကျက်သရေရှိလှတဲ့ အဆိုတော်မင်းသမီး ဂျာဒါပီးဂျက်စမစ်သ်ဟာ လက်စ်ဗီးဂက်စ်မှာ ကျင်းပတဲ့ ဒီပွဲမှာ လူတချို့ရဲ့ အာရုံစိုက်မှုကို ရခဲ့ပါတယ်။ အပေါ်ပိုင်းက အတွင်းထဲအထိ ဖောက်ထွင်းမြင်ရတဲ့ အဖြူရောင် ဇာဂါဝန်ကြောင့်ပါ။

play

 

ရက်ပါကြီးက အသည်းပုံ ပုံစံလုပ်ပြရင်း ပရိသတ်ကိုချစ်ကြောင်း ပြောပြသွားခဲ့ပါတယ်။ သူ့ပရိသတ်ကလည်း သူ့ကို ဘယ်လောက်ချစ်ကြောင်းနဲ့ ဒီပွဲမှာ ဘယ်လောက်အားပေးခဲ့ကြောင်း အောက်က ဗီဒီယိုလင့်ခ်မှာ တွေ့မြင်ရမှာပါ။

 

Source and Photos : www.hollywoodlife.com, www.usatoday.com, www.eonline.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ