Entertainment: ဒီတစ်ပတ် ကောဇောနီပေါ်မှာ အလှဆုံး ဝတ်ခဲ့ကြတဲ့ ဆယ်လီတွေ

ဟောလိဝုဒ်မှာ ပွဲလမ်းသဘင်တွေက များသလို ဆယ်လီတွေကလည်း ပုံစံအမျိုးမျိုးနဲ့ လှပနေကြပါတယ်။ ဒီတစ်ပတ်အတွက် အလှတကာတွေထဲက အလှဆုံး ကျက်သရေအရှိဆုံးတွေကို ရွေးချယ်လိုက်တာပါ။

၁။ ခရမ်းရောင်ဂါဝန်နဲ့ ဟိုက်ဒီကလမ်း

play

ဟိုက်ဒီကလမ်းဟာ ခရမ်းရောင် Zac Posen ဝတ်စုံထဲမှာ ကျက်သရေရှိရှိ အလှကြီးလှနေပါတယ်။ တောက်ပတဲ့ ဝတ်စုံအရောင်ကအစ သူမရဲ့ ရိုးရှင်းလှတဲ့ ဆံထုံးနဲ့ တောက်ပလှတဲ့ လည်စွဲအဆုံး အားလုံးက အပိုအလိုမရှိ ကွက်တိပါပဲ။

၂။ ဂါဝန်ဖြူလွလွ၊ နှုတ်ခမ်းနီရဲရဲနဲ့ ဂျနီဖာ လောရန့်စ်

play

ကော်ဇောနီတွေပေါ်မှာ အမြဲတမ်း လှပနေတတ်တဲ့ ဂျနီဖာလောရန့်စ်ပါ။ Hunger Games ပွဲမှာ Dior ကို သူမက ဝတ်ဆင်သွားပါတယ်။ Dior ရဲ့ ဒီဇိုင်းက သူမနဲ့ အံ့သြလောက်အောင် လိုက်ဖက်ပြီး ကြည့်ရတာ သက်သောင့်သက်သာနဲ့ စတိုင်ကျလှပါတယ်။ သူမရဲ့ လှိုင်းတွန့်နေတဲ့ ဆံပင်တိုကလည်း သူမနဲ့လိုက်ဖက်နေပြီး အဖြူရောင် ဂါဝန်ကို နှုတ်ခမ်းအနီရောင်နဲ့ တွဲထားတာ အရမ်းကြည့်ကောင်းပါတယ်။

၃။ ပိုးထည်ဂါဝန်နဲ့ ဟယ်လင်မီရန်

play

 

အလွှာအထပ်ထပ်ပါတဲ့ ပေါ့ပါး ပါးလွှာတဲ့ ပိုးထည်ဂါဝန်နဲ့ အတွန့်လေးတွေ လုပ်ထားတဲ့ အင်္ကျီလည်ပင်းနဲ့ လက်ပုံစံတို့ကြောင့် ဒီဂါဝန်ဟာ ကြည့်ရတာ အရမ်း နုနွဲ့လွန်းသွားနိုင်ပါတယ်။ ဒါပေမဲ့ ဟယ်လင်မီရန်နဲ့ အရမ်းကို လိုက်ဖက်ပြီး နုနယ်သွားပါတယ်။

၎။ လှိုင်းတွန့်ဂါဝန်နဲ့ ဟီလာရီဆွန့်ခ်

play

 

အကွန့်အညွန့်တွေ ပြည့်နေပေမယ့်လည်း နုရွမနေသလို မင်းသမီးတစ်ပါးလိုလည်း ဖြစ်မနေပါဘူး။ တခြားသူနဲ့ လိုက်ဖက်ချင်မှ လိုက်ဖက်မှာဖြစ်ပေမယ့် ဟီလာရီဆွန့်ခ်နဲ့ အရမ်းကို ကြည့်ကောင်းပါတယ်။ သူမအတွက်သာ သီးသန့်ဝတ်စုံလို့ ဆိုနိုင်ပါတယ်။

၅။ ရောင်စုံ ဘော်ကြယ်တွေနဲ့ အဲလိဇဘက်ဘန့်ခ်စ်

play

 

အဆင်ကို ဒီအတိုင်းမြင်ရင်တော့ ဘယ်သူကမှ နှစ်သက်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ အဲလိဇဘက်ဘန့်ခ်စ်က အခုလို ဝတ်ပြလိုက်တော့ အလွန်အံ့သြသွားမိပါတယ်။ ကန့်လန့်စင်းတွေအများကြီးတဲ့ အရောင်စုံ ဘော်ကြယ်တွေ အပြည့် ထည့်တာ ဒီလောက်ထိ ကျက်သရေရှိရှိ ရိုးရိုးရှင်းရှင်းလေး လှသွားမယ်လို့ ဘယ်သူကထင်မှာလဲ။

Source and Photos : www.stuff.co.nz

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ