Entertainment: မြဝတီသဘင်အစည်းအရုံး အဆောက်အအုံတည်ဆောက်ဖို့ လှူဒါန်းခဲ့သည့် ဖိုးချစ်

သဘင်အစည်းအရုံးဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရသည့် ဖိုးချစ်သည် ရန်ကုန်နှင့် မန္တလေး၌  အခမဲ့သဘင်သင်တန်းကျောင်းများကို ၂၀၁၆ ခုနှစ်အတွင်း ဖွင့်လှစ်နိုင်ရန် စီစဉ်နေလျက်ရှိသည်။

play

 

ဇာတ်မင်းသားဖိုးချစ်မှ မြ၀တီခရိုင်ရှိ သဘင်အစည်းအရုံး အဆောက်အအုံ တည်ဆောက်ရန်အတွက် ငွေကျပ်သိန်း(၂၀) လှူဒါန်းခဲ့ကြောင်းသိရသည်။

ဖိုးချစ်မှ ‘‘မြ၀တီခရိုင် သဘင်အစည်း အရုံးဆောက်လုပ်ရန်အတွက် အလှူငွေကျပ်သိန်း (၂၀) ကို လှူဒါန်းပြီးပါပြီဗျ။ ပရိသတ်များနှင့် ပေါင်းစုကုသိုလ်ဖြစ်ပါတယ်ဗျာ’’ဟု ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားမျှဝေခဲ့သည်။

play

 

ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက  သဘင်အစည်းအရုံးဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရသည့် ဖိုးချစ်သည် ရန်ကုန်နှင့် မန္တလေး၌  အခမဲ့သဘင်သင်တန်းကျောင်းများကို ၂၀၁၆ ခုနှစ်အတွင်း ဖွင့်လှစ်နိုင်ရန် စီစဉ်နေလျက်ရှိသည်။

ထို့ပြင် သဘင်ဘိုးဘွားရိပ်သာများကိုလည်း မြို့ကြီးအချို့ တွင် ဆောက်လုပ်လှူဒါန်းပေးမည်ဖြစ်ပြီး ကနဦးအနေဖြင့် ရန်ကုန်၊ မန္တလေးနှင့် ပခုက္ကူမြို့ တို့၌ ဦးစွာဆောက်လုပ်နေပြီဖြစ်ကြောင်းသိရသည်။

Photo: Phoe Chit Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ