Entertainment: အမေရိကန်မှာ သရုပ်ဆောင်ပညာသင်ယူနေတဲ့ ဟန်သီ

ရုပ်ရှင်လိုင်းအတွက် စာတွေ့၊ လက်တွေ့တွေ သင်နေရတာမို့လို့ မြန်မာနိုင်ငံ ပြန်လာရင် ရုပ်ရှင်ကားကြီးရိုက်ချင်တယ်လို့လည်း ပြောပါတယ်။

play

 

မော်ဒယ် ဟန်သီက ပြီးခဲ့တဲ့ အောက်တိုဘာလကစပြီး သရုပ်ဆောင်ပညာအထူးပြု ဘာသာရပ်ကို နယူးယောက်က New York Film Academy ကျောင်းမှာ သင်ကြားနေပါတယ်။

အဲ့ဒီသင်တန်းကို နှစ်နှစ်တက်ဖို့ စိတ်ကူးထားပြီး ၂၀၁၆၊ မေလကုန်ရင်တော့ အနုပညာအလုပ်တွေလုပ်ဖို့ မြန်မာနိုင်ငံကို ပြန်လာမယ်လို့ သူမက ဆိုပါတယ်။ ရုပ်ရှင်လိုင်းအတွက် စာတွေ့၊ လက်တွေ့တွေ သင်နေရတာမို့လို့ မြန်မာနိုင်ငံ ပြန်လာရင် ရုပ်ရှင်ကားကြီးရိုက်ချင်တယ်လို့လည်း ပြောပါတယ်။ အနုပညာအလုပ်နဲ့ပဲ အသက်မွေးဝမ်းကျောင်းပြုမှာဖြစ်လို့ သီချင်းတွေလည်း ဆက်ဆိုနေဦးမှာပါတဲ့။

ဟန်သီဟာ အမေရိကန်ကို မသွားခင်က  "မချစ်တတ်သေးဘူး" MTV ခွေကို ထွက်ရှိခဲ့ပါတယ်။ Youtube မှာ သူမရဲ့ ကိုယ်ပိုင် channel ကတော့ Han Thi Official အမည်နဲ့  MTV တွေကို တင်ထားတာပါ။

 

Source : Popular Journal

Photo : Han Thi Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ