Entertainment: နစ်ကိုးကစ်မင်းနဲ့ ဂျိမ်းစ် မက်ခ်အဗွိုင်းက အကောင်းဆုံး သရုပ်ဆောင်ဆုများ ရရှိခဲ့

နစ်ကိုးလ်ကစ်မင်းနဲ့ ဂျိမ်းစ်မက်အဗွိုင်းတို့ဟာ Evening Standard Theatre ဆုပေးပွဲမှာ အကောင်းဆုံး သရုပ်ဆောင်ဆု များကို အသီးသီးဆွတ်ခူးရရှိခဲ့တာပါ။

play

 

နစ်ကိုးဟာ Photograph 51 ပြဇာတ်ထဲမှာ ဗြိတိသျှ သိပ္ပံပညာရှင် ရိုစလင်းဖရန်ကလင်းအဖြစ် သရုပ်ဆောင်ခဲ့တဲ့ အတွက် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့တာပါ။

play

ဂျိမ်းစ်မက်ခ်အဗွိုင်းကို ဇနီးသည်နှင့်အတူ တွေ့ရစဉ်။

အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆုကိုတော့ မက်ခ်အဗွိုင်းက The Ruling Class အတွက် ရခဲ့တာပါ။

အဲဒီဆူပေးပွဲကို လန်ဒန်မြို့ရှိ Old Vic ပြဇာတ်ရုံမှာ နိုဝင်ဘာလ ၂၂ ရက်ညက ကျင်းပခဲ့တာ ဖြစ်ပါတယ်။

play

 

ကစ်မင်းက ဆုကို ယူရင်း ဒီလို ဆုရရှိတာ အံ့မခန်းပါပဲလို့ ပြောခဲ့ပါတယ်။

ဖရန်ကလင်းနေရာမှာ သရုပ်ဆောင်ဖို့အတွက် ၁၇ နှစ်အတွင်း လန်ဒန်ကို ပထမဆုံး ပြန်ခဲ့တဲ့ အော်စကာဆုရ မင်းသမီးဟာ အဲဒီဇာတ်ရုပ်ကို ၂၀၁၄ ခုနှစ်မှာ သေဆုံးခဲ့တဲ့ သိပ္ပံပညာရှင် သူမရဲ့ဖခင်အတွက် အမှတ်တရ သရုပ်ဆောင်ခဲ့တာပါလို့ ပြောပါတယ်။

 “ညတိုင်း စတိတ်စင်ပေါ်မသွားခင်မှာ အဖေ့ရဲ့ ဓာတ်ပုံရှေ့မှာ ဒူးထောက်ထိုင်ပြီး သူ့မျက်လုံးထဲကိုကြည့်တယ်။ ညတိုင်းအတွက် သူက ကျွန်မကို အားအင်တွေ ပေးသလိုပဲ” လို့ သူမက ပြောခဲ့ပါတယ်။

Source and Photos : www.bbc.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ