Entertainment: ချစ်သူနဲ့ ကလေးတွေကြောင့် သာယာ ပျော်ရွှင်နေတာပါလို့ ဆိုတဲ့ အဒဲလ်

အဒဲလ်ဟာ သူမရဲ့သား အန်ဂျယ်လို၊ သူမရဲ့ရည်းစား ဆိုင်မွန်ကိုနက်ခ်ကီနဲ့ သမီးတို့ကြောင့် ပျော်ရွှင်ဖွယ်ဘဝလေးရှိနေတယ်လို့ ပြောခဲ့ပါတယ်။

play

 

အသည်းကွဲသီချင်းတွေနဲ့ နာမည်ကြီးတဲ့ အဆိုတော် အဒဲလ်ရဲ့ အခုလက်ရှိဘဝကတော့ ဂန္ထဝင်ပုံပြင်လေးတစ်ခုလို သာယာနေပါတယ်။

play

 

အသက် ၂၇ နှစ်ရှိ နာမည်ကျော်အဆိုတော်ဟာ နိုဝင်ဘာလ ၂၂ ရက်နေ့က 60 minutes ရုပ်သံလိုင်းနဲ့ အင်တာဗျူးစဉ်မှာ ဆိုင်မွန်နဲ့ သူမရဲ့ ဆက်ဆံရေးဟာ တကယ့်ကို ကောင်းမွန်တဲ့ အချစ်ဇာတ်လမ်းလို့ ဝန်ခံခဲ့ပါတယ်။

play

 

 “ကျွန်မအတွက် အမြဲရှိနေပြီး အရမ်းသစ္စာရှိတဲ့သူနဲ့ အတူလက်တွဲရတာဟာ အခုချိန်မှာ ကျွန်မရဲ့ အဓိက အစိတ်အပိုင်း တစ်ခုဖြစ်နေပါပြီ။ ကျွန်မလုပ်နိုင်ခဲ့သမျှ ရေးနိုင်ခဲ့သမျှ အားလုံးဟာ သူ့ရဲ့အချစ်ကို ရခဲ့လို့ပါပဲ” လို့ပဲ သူမက ဖွင့်ဟ သွားခဲ့ပါတယ်။

ှSource and Photos : www.dailymail.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ