Entertainment: အမေရိကန် ဂီတဆုပေးပွဲကို ရင်သက် ရှုမောဖွယ်အကနဲ့ ဖွင့်လှစ်လိုက်တဲ့ ဂျနီဖာလိုးပက်ဇ်

နိုဝင်ဘာလ ၂၂ ရက်၊ တနင်္ဂနွေနေ့ညနေမှာ ကျင်းပတဲ့ အမေရိကန်ဂီတဆုပေးပွဲရဲ့ အဖွင့်ဖျော်ဖြေရေးအစီအစဉ်ကို ဂျနီဖာ လိုးပက်ဇ်က ဂျနီဖာလိုးပက်ဇ်က တက်တက်ကြွကြွပွဲဖွင့်လှစ်လိုက်ပါတယ်။

play

 

အသက် ၄၆ နှစ်ရှိတဲ့ အဆိုတော် မင်းသမီးဟာ လော့စ်ဆန်းဂျလိစ်က Microsoft ပြဇာတ်ရုံမှာ ကျင်းပတဲ့ အမေရိကန်ဂီတ ဆုပေးပွဲမှာ ဖျော်ဖြေသူအဖြစ်ရော အစီအစဉ်မှူးအဖြစ်ရော တာဝန်နှစ်ခု ယူခဲ့ပါတယ်။

play

 

သူမက ဒီနှစ်ရဲ့ အပေါက်ဆုံး ပဒေသာသီချင်းတစ်ပုဒ်ကို အသားကပ် ဝတ်စုံထဲကနေ လှုပ်ခတ်သီဆိုသွားခဲ့ပါတယ်။

play

 

ဂျနီဖာဟာ တလက်လက်တောက်နေတဲ့ ငွေရောင် ဒေါက်မြင့်ဖိနပ်ကို စီးပြီး ဆံထုံးကို ထိပ်မှာပြီး ချစ်စဖွယ်ဂါဝန်လေးကို ဝတ်ဆင်ခဲ့ပါသေးတယ်။

play

 

အဲဒီနောက် သူမရဲ့ လှပတဲ့ ကောက်ကြောင်းကို ပြသတဲ ရွှေရောင် ဇကာပေါက်အင်္ကျီကို ပြောင်းလဲ ဝတ်ဆင်ခဲ့ပြန်ပါတယ်။

play

 

သူမဟာ ကျက်သရေရှိလှပြီး ရင်သားအလှကို ဖော်ပြထားတဲ့ ရွှေဝါရောင် ဂါဝန်ရှည်ကြီးကိုလည်း ဝတ်ဆင်ခဲ့ပါတယ်။

play

 

ဂျေလိုဟာ နောက်ထပ် ဝတ်စုံတစ်ခုအဖြစ် ရှေ့အကျပ် ရွှေရောင်ဂါဝန်လက်လက်ကို ရွေးချယ်ခဲ့ပါတယ်။

play

 

နောက်ထပ် သူမရွေးချယ်လိုက်တဲ့ ဝတ်စုံကတော့ အောက်ကို ပုံကျနေတဲ့ အနက်ရောင်ဂါဝန်ဖားဖားကြီးပါ။

Source and Photos : www.dailymail.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ