Entertainment: ယောက်ျားနှစ်ယောက် ရန်ဖြစ်ပြီးသတ်နေကြတာထက် ချစ်နေကြတာ ပိုကောင်းတယ်လို့ဆိုတဲ့ ညိုမင်းလွင်

ဒီဇာတ်ကားကိုကြည့်ဖို့အတွက်ဆိုရင်တော့ မိတ်ဆွေရဲ့မျက်လုံးတွေကိုတင်ဖွင့်ထားလို့မရပါဘူး။ မျက်လုံးတွေနဲ့အတူ နှလုံးသားကိုပါဖွင့်ထားတတ်ဖို့လိုပါတယ

play

 

၂၀၁၆ ခုနှစ် ဇန်နဝါရီတွင် ယောက်ျားနှစ်ယောက်ကြားက အချစ်ကို ဖော်ညွှန်းထားသော ဇာတ်ကားတစ်ကား ရိုက်ကူးသွားမည်ဟု ဒါရိုက်တာ ညိုမင်းလွင်က ယင်း၏ ဖေ့စ်ဘုတ်စာမျက်နှာ၌ နိုဝင်ဘာ ၂၃ ရက်တွင် ရေးသားလိုက်သည်။

play

 

ယင်းဇာတ်ကားသတင်းမှာ မမျှော်လင့်ဘဲ ပျံ့နှံ့လာသောကြောင့် ပရိသတ်ကို ယင်းကိုယ်တိုင် အသိပေးလိုက်ခြင်း ဖြစ်ကြောင်း "THE SPA ဇာတ်ကားမှ ပြန်လည်တည်းဖြတ်ပြင်ဆင်မည့် ဇာတ်ဝင်ခန်းတစ်ခု" ဟု စာရေးသားထားသော ပုံတစ်ပုံကိုပါ ပူးတွဲဖော်ပြထားသည်။ ပုံတွင် Spa တစ်ခု၌ ခါးတွင်ပုဝါပတ်ထားသော အမျိုးသားနှစ်ဦး ပွေ့ဖက်ထားခြင်းဖြစ်သည်။ ရုပ်ရှင်ကားအဖြစ် ရိုက်ကူးသွားမည့် ယင်းဇာတ်ကားအား မူလက ဒီဇင်ဘာလတွင် ရိုက်ကူးမည်ဖြစ်သော်လည်း အလုပ်ကိစ္စများ မပြီးပြတ်သေးသောကြောင့် ဇန်နဝါရီမှသာ ရိုက်ကူးမည်ဖြစ်ပြီး ပါဝင်မည့် သရုပ်ဆောင်များအား ဒီဇင်ဘာလအတွင်း ထပ်မံကြေညာသွားမည်ဟု ညိုမင်းလွင်က ဆိုသည်။

play

 

" ဒီဇာတ်ကားကိုကြည့်ဖို့အတွက်ဆိုရင်တော့ မိတ်ဆွေရဲ့မျက်လုံးတွေကိုတင်ဖွင့်ထားလို့မရပါဘူး။ မျက်လုံးတွေနဲ့အတူ နှလုံးသားကိုပါဖွင့်ထားတတ်ဖို့လိုပါတယ်" ဟု ဒါရိုက်တာ ညိုမင်းလွင်က ရေးသားထားပြီး သူသည် လိင်တူစုံမက်သူလည်းမဟုတ်ကြောင်းနှင့် လိင်တူအခွင့်အရေးကာကွယ်သူမဟုတ်ကြောင်းကိုလည်း ငြင်းဆိုထားသည်။

Source and Photo : Nyo Min Lwin Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ