Entertainment: ဇာတ်ကားရိုက်ရတာ များလာလို့ ဇာတ်လမ်းရှားလာတယ်ဆိုတဲ့ ဝတ်မှုံရွှေရည်

play

 

ဇာတ်ကားရိုက်ကူးမှု များပြားလာလို့ ရိုက်စရာဇာတ်လမ်း ရှားပါးလာတယ်လို့ ဝတ်မှုံရွှေရည်က ပြောပါတယ်။

''ဒီမှာက သူများနိုင်ငံတွေမှာလို ငါးနှစ်နေမှ တစ်ကားရိုက်လို့လည်း မရဘူး။ တစ်နှစ်နေမှ တစ်ကားရိုက်လို့လည်း မရဘူး။ ဟိုမှာက ငါးနှစ်နေမှ တစ်ကားရိုက်လည်း အဲဒီအောင်မြင်မှုက သက်တမ်းအရှည်ကြီးပဲ။ ဒီမှာက ဇာတ်ကားတစ်ကားရဲ့ အောင်မြင်မှုက သက်တမ်းတိုတယ်။ ပရိသတ်တွေအတွက် အရင်ကတည်းက ဗီဒီယိုဆိုတာ ရှိနေခဲ့တော့ မရိုက်လို့မရပြန်ဘူး။ ဗီဒီယိုက ပရိသတ်အတွက် အဆက်အသွယ်တစ်ခုပဲ။ ကစ်တို့က ပြောရမယ်ဆိုရင် ကားရိုက် အရေအတွက်တွေ များလာတယ်လို့ ပြောရမှာ။ ကားရိုက် အရေအတွက် များလာတဲ့အခါ ဇာတ်တွေကလည်းရှားလာတယ်။ ဇာတ်တွေရှားလာတဲ့အတွက် ကိုယ်တွေက အရင်နဲ့ ကွဲထွက်တဲ့ ဇာတ်လမ်းတွေကို ရွေးချယ်ပြီး ကြိုးစားရိုက်နေရတယ်'' လို့ သူမက ဆိုပါတယ်။

ယခုနှစ်အတွင်းမှာ ရုပ်ရှင်ကားကြီး လေးကား ရိုက်ကူးပြီးပြီဖြစ်ကြောင်းနဲ့ နောက်ထပ် သုံးကား ရိုက်ကူးဖို့ ရှိသေးတယ်လို့လည်း ပြောပါတယ်။

Source : မြဝတီ

Photo : Wut Home Shwe Yee Facebook Fan Page

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ