Entertainment: အဒဲလ်ရဲ့ အယ်လ်ဘမ်က ယူကေစာရင်း၌ ထိပ်ဆုံးက နေရာယူ

ယူကေရဲ့ လေးရက်လိုသေးတဲ့ သီတင်းတစ်ပတ်တာ စာရင်းမှာ အဒဲလ်ရဲ့ 25 က ယခုအချိန်အထိ စုစုပေါင်း ရောင်းအား ၅၃၈,၀၀၀ ရှိနေပါပြီ။

play

 

တစ်ပတ်အတွင်း အခွေပေါင်း ငါးသိန်းကျော်ရောင်းရတဲ့ အယ်လ်ဘမ်က ယူကေမှာ နှစ်ခုပဲ ရှိခဲ့ဖူးပါတယ်။

Take That’s Progress အယ်လ်ဘမ်က ၂၀၁၀ ပြည့်နှစ်မှာ ပထမဆုံး သီတင်းပတ်အတွင်း အခွေပေါင်း ၅၁၉,၀၀၀ ရောင်းချခဲ့ရပါတယ်။

play

 

ယခုအချိန်အထိ ရောင်းအားအကောင်းဆုံး စံချိန်ကို ရထားတဲ့ Oasis’s Be Here Now က ၁၉၉၇ ခုနှစ်မှာ ပထမဆုံး သီတင်းပတ်အတွင်း ၆၉၆,၀၀၀ ရောင်းခဲ့ရပါတယ်။

play

 

ယခုထိတော့ ဒီတစ်ပတ်အတွက် အဒဲလ်က နံပါတ် ၁ နေရာကနေ ဦးဆောင်နေပြီး စာရင်းရဲ့ထိပ်ဆုံးမှာ နေရာယူထားခဲ့တဲ့ အယ်လ်ဗ်ရဲ့ If I Can Dream က ယခု လလယ်သီတင်းပတ် အယ်လ်ဘမ်စာရင်းမှာ နံပါတ် ၂ နေရာကို ရထားပါတယ်။ ဂျက်စတင်ဘီဘာရဲ့ Purpose က နံပါတ် ၃ နေရာကို ရထားပါတယ်။

Source : www.bbc.com

 Photos : www.mirror.co.uk, www.bbc.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ