Entertainment: အရပ်ရှည်လွန်းလို့ မော်ဒယ် အေဂျင်စီတွေက လက်မခံတဲ့ အမေရိကန်ရဲ့ ပေါင်တံအရှည်ဆုံး မော်ဒယ်

သူမရဲ့ ပေါင်တံဟာ ၅၁ လက်မ ရှည်တဲ့အတွက် သူမဟာ အမေရိကမှာ ပေါင်တံအရှည်ဆုံးသူဖြစ်မယ်လို့ ယုံကြည်ကြောင်း အဲဒီမော်ဒယ်က ပြောခဲ့ပါတယ်။

play

 

အသက် ၂၂ နှစ်နှစ်ရှိပြီဖြစ်တဲ့ ကယ်လီဖိုးနီးယားသူလေး ချေ့စ်ကန်နက်ဒီဟာ မော်ဒယ်တစ်ယောက်အဖြစ် အသက်မွေးဖို့ ကြိုးစာေးနသူဖြစ်ပြီး အရပ်ရှည်လွန်းတဲ့အတွက် အေဂျင်စီတချို့က သူမကို ငြင်းပယ်ခဲ့ပါတယ်။

play

 

အရပ် ၆ ပေ ၅ လက်မရှိတဲ့ သူမရဲ့ ပေါင်တံဟာ ၅၁ လက်မရှိတဲ့အတွက် ယခုလက်ရှိ ကမ္ဘာ့စံချိန်ထက် ၀.၉ လက်မသာ လျော့ပါတော့တယ်။ ပေါင်တံရှည်မလေးဟာ ကျောင်းတုန်းက ကုလားအုပ်လို့ စနောက်ခံခဲ့ရသူပါ။

အခုဆိုရင် ချေ့စ်ဟာ လက်ရှိ အမေရိကန်ရဲ့ ပေါင်တံအရှည်ဆုံးသူအဖြစ် ၄၉.၅ လက်မနဲ့ ရယူထားတဲ့ ဟော်လီဘာ့တ်ကို ကျော်လွန်သွားပါပြီ။

play

 

 “ကျွန်မရဲ့ ခြေထောက်တွေအတွက် ဂုဏ်ယူတယ်။ ဘာကိုမှ မပြောင်းလဲချင်ပါဘူး။ ကျွန်မက အမေရိကန်ရဲ့ ပေါင်တံအရှည်ဆုံးသူလို့ ကျွန်မယုံတယ်။ အရပ်ရှည်ရတာ ကျွန်မသဘောကျတယ်” လို့ သူမက ပြောပါတယ်။

ချေ့စ်က အခုအချိန်မှာ ဂျေဆန်ဆိုတဲ့ အရပ် ၆ ပေ ၄ လက်မရှည်တဲ့ အမျိုးသားတစ်ဦးနဲ့ တွဲနေပြီး အရင်တုန်းက သူမတို့ ချိန်းဆိုတွေ့ရတာ ပြဿနာရှိခဲ့ကြောင်း သူမက ဖွင့်ဟပြောခဲ့ပါတယ်။

Source and Photos : www.dailymail.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ