Entertainment: အကယ်ဒမီ ဒါရိုက်တာ စင်ရော်မောင်မောင်က သူ့အိမ်အား ရောင်းချနေ

ဒါရိုက်တာ စင်ရော်မောင်မောင်ဟာ သူပိုင်နေအိမ်တစ်လုံးကို ရောင်းချလိုကြောင်း ဒီနေ့ (နိုဝင်ဘာ ၂၄) ရက်မှာ သူ့ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

play

 

“ ကျွန်တော် စင်ရော်မောင်မောင်သည် မိသားစု စီးပွားရေး ၊ ပညာရေးတို့အတွက် အရေးပေါ် ငွေကြေးလိုအပ်မှုရှိနေပါသဖြင့် ကျွန်တော်ပိုင်ဆိုင်သော မြောက်ဒဂုံမြို့နယ်ရှိ ၈၀ ပေ x ၈၀ ပေ မြေကွက်ပေါ်တွင် ဆောက်လုပ်ထားသော နှစ်ထပ်တိုက်(တစ်လုံး)အား အမြန်ရောင်းချလိုပါသောကြောင့် ပူးတွဲပါ ဓာတ်ပုံများနှင့်အတူ Facebook ချစ်မိတ်ဆွေများ sharing ပြုလုပ်ပေးခြင်းဖြင့် ကူညီပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်” လို့ အကယ်ဒမီ ဒါရိုက်တာ စင်ရော်မောင်မောင်က သူ့ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

play
play

 

နေအိမ်ရောင်းထွက်ပါက အကျိုးဆောင်ခ (၂)ရာခိုင်နှုန်း ပေးမယ်လို့လည်း ဆိုပါတယ်။

ရောင်းဈေးမှာ သိန်း ၆၅၀၀ ဖြစ်ပြီး အလျှော့အတင်း အနည်းငယ်ရှိကြောင်းနဲ့ စိတ်ဝင်စားသူများ အတော်များများ ရှိနေကာ ယနေ့ တစ်ရက်တည်းပင် လာရောက် ကြည့်ရှုမည့်သူ ၃ ဦး ၊ ၄ ဦးခန့် ရှိနေပြီလို့လည်း သိရပါတယ်။

play
play

 

အဆိုပါနေအိမ်မှာ အမှတ် 17/E Rose Park (4), ရွှေပင်လုံအိမ်ရာ ၊ မြောက်ဒဂုံမြို့နယ်တွင်ရှိပြီး

စိတ်ဝင်စားပါက 09448041858, 09252598239, 09420220816,09421146572 တို့ကို ဆက်သွယ်နိုင်ပါတယ်။

Source and Photos : Zin Yaw Mg Mg’s Facebook page

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ