Entertainment: အားတီရဲ့ သီချင်းခွေအသစ်များ ဒီဇင်ဘာလတွင် ဖြန့်ချိမည်

‘ချိုချဉ်’ ဒီဗီဒီနှင့် ‘လွင်ပြင်’စီဒီ (၂)ခွေ တွဲ ဖြန့်ချိပေးမည့်နေ့တွင် EDM(Electro Dance Music) ဖျော်ဖြေပွဲ အသေးစားတစ်ခုပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

play

 

အဆိုတော် အားတီမှ ၂၀၁၅ ခုနှစ် ၊ ဒီဇင်ဘာလ (၂) ရက်နေ့ ၊ ညနေ (၅) နာရီမှ (၉) နာရီအထိ Junction Square Outdoor ဧရိယာတွင်  ‘ချိုချဉ်’ ဒီဗီဒီနှင့် ‘လွင်ပြင်’စီဒီ (၂)ခွေ တွဲ ဖြန့်ချိပေးမည့်နေ့တွင် EDM (Electro Dance Music) ဖျော်ဖြေပွဲ အသေးစားတစ်ခုပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

play

 

ပေါ့ပ်သီချင်းများပါဝင်သည့် လွင်ပြင်အခွေတွင် ၄င်းကိုယ်တိုင်ရေးသားထားသည့် သီချင်းများပါဝင်သလို ၊ ဇ၀ါ ၊ အောင်ကိုမြင့် ၊ ညီညီသွင် ၊ ဖိုးကာ ၊ ဂျေမီ ၊ ဝေလနှင့် သားသားတို့ ရေးသားထားသည့် သီချင်းများလည်းပါဝင်ကာ ဂျေမီ၊ နီနီခင်ဇော်နှင့် ပိုပိုဟေသာတို့မှ Featuring သီဆိုပေးထားသည်။

အဆိုပါ ဖျော်ဖြေပွဲတွင် ဒီဂျေဝိုင်း ၊ ဇီတာ ဒီဂျေအဖွဲ့နှင့် ပူးပေါင်းပြီး (၄၅) မိနစ်စာ ဖျော်ဖြေသွားမည့်အပြင် ၊ အခွေမှာပါရှိသည့် အဆိုတော်နှင့် အနုပညာရှင်းများမှ လက်မှတ်ရေးထိုးပေးသွားမည် ဖြစ်သည်။

Photo: www.7daydaily.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ