Entertainment: 'ဝါစိမ်းနီ ကမ္ဘာသိမ်းမည်' ဇာတ်လမ်းတွဲ အမည်ရဲ့ အဓိပ္ပာယ်ကို ညီညီထွန်းလွင်က ရှင်းပြ

, updated

ဒါရိုက်တာ ညီညီထွန်းလွင်က MNTV နှင့် Channel 9 ရုပ်သံလိုင်းတို့အတွက် ရိုက်ကူးပေးခဲ့တဲ့ သူ့ရဲ့ ပထမဆုံး ရုပ်သံ ဇာတ်လမ်းတွဲကို ‘ဝါစိမ်းနီ ကမ္ဘာသိမ်းမည်’ လို့ နာမည်ပေးဖြစ်ခဲ့တဲ့ အကြောင်းကို ရှင်းပြခဲ့ပါတယ်။

play

 

“ဇာတ်ကားနာမည်ကို ‘ဝါစိမ်းနီကမ္ဘာသိမ်းမည်’ လို့ ပေးဖြစ်တာကတော့ နိုင်ငံတော် အလံကိုကြည့်ပြီး ပေးခဲ့တာပေါ့။

ကျွန်တော်တို့ မြန်မာနိုင်ငံအလံ ဟာ ‘ဝါစိမ်းနီ’ ပြီးရင် ကမ္ဘာသိမ်းမည်” လို့ ဒါရိုက်တာ ညီညီထွန်းလွင်က ပြောခဲ့ပါတယ်။

ဇာတ်ကားနာမည်ကို အတိတ် နိမိတ်နဲ့ ပေးထားခြင်းဖြစ်ပြီး မြန်မာနိုင်ငံကို ကမ္ဘာ့အလယ်မှာ တင့်တယ်စေချင်တဲ့ စေတနာနဲ့ ပေးခဲ့တာဖြစ်တယ်လို့ ဒါရိုက်တာ ညီညီထွန်းလွင်က သူ့ရဲ့စေတနာကို ပြောပြခဲ့ပါတယ်။

အပိုင်း ၃၀ အထိ ရိုက်ကူးထားသော အဆိုပါ ဇာတ်လမ်းတွဲမှာ တစ်ပိုင်းလျှင် ၄၅ မိနစ် ကြာမြင့်ကာ အချစ်၊ အိမ်ထောင်ရေး၊ ဟာသ၊ ခေတ်အမြင်နဲ့ နိုင်ငံရေးတွေပါမယ်လို့ သိရပါတယ်။

play

ဒါရိုက်တာ ညီညီထွန်းလွင်။

ဒီဇာတ်လမ်းတွဲရဲ့ အဓိက ကျောရိုးမှာ အိမ်ထောင်ရေးဖြစ်ပြီး အမျိုးသမီးများရဲ့ စွမ်းဆောင်ရေးကို ဦးစားပေးဖော်ပြ ပေးထားတယ်လို့ ဒါရိုက်တာ ညီညီထွန်းလွင်က ရှင်းပြခဲ့ပါတယ်။

ဒီဇင်ဘာလမှာ MNTV ကနေ စနေနေ့ ည ၉ နာရီနှင့် ဗုဒ္ဓဟူးနေ့ ည ၉ နာရီတို့တွင် စတင်ထုတ်လွှင့်သွားမည် ဖြစ်ပြီး Channel 9 ရုပ်သံလိုင်းမှာတော့ ဗုဒ္ဓဟူးနေ့တိုင်း ည ၉နာရီ တွင် ထုတ်လွှင့် ပြသသွားမှာ ဖြစ်ပါတယ်။

ဒီဇာတ်လမ်းတွဲကို Sky Net မှ ထုတ်လုပ်ပြီး အဓိက သရုပ်ဆောင်များအဖြစ် အကယ်မီမင်းဦး၊ နေဆန်း၊ ညီထွဋ်ခေါင်၊ စည်ဖြိုး၊ မျိုးသန္တာထွန်း၊ ကြည်လဲ့လဲ့ဦး၊အေးမြတ်သူ၊ ခင်ရူပ၊ ယွန်းယွန်းတို့နဲ့ အတူ ဇာတ်ပို့ ဇာတ်ရံ အနုပညာရှင်များစွာ ပါဝင်ထားပါတယ်။

Source : Popular Journal and Myanmar Breaking news

Photos : mizzimaburmese.com, www.yatanarpon.com.mm

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ