AD
AD
AD
play

ဘရက်ဒလေ ကော့ပါး၊ ရှောင်ပင်း၊ ဘီလ် မာရေး တို့ဟာ Forbes က ဟောလိဝုဒ်ရဲ့ Biggest Turkeys of the Year လို့ အမည်ပေးထားတဲ့ တစ်နှစ်တာ ဝင်ငွေအနည်းဆုံး စာရင်းမှာ ထိပ်ဆုံးကနေရာယူနေတယ်လို့ နိုဝင်ဘာလ ၁၈ ရက်အထိ သူတို့ရဲ့ ဝင်ငွေကို အခြေခံပြီး တွက်ချက်ထားမှုအရ သိရပါတယ်။

play

 

မာရေးရဲ့ ဟာသကား Rock th Kasbah ဟာ ထုတ်လုပ်မှု ကုန်ကျစရိတ် ဒေါ်လာ ၁၅ သန်းရှိချိန်မှာ စုစုပေါင်း ဝင်ငွေ ၂.၉ သန်းသာ ရှိခဲ့ပြီး ရှောင်ပင်းရဲ့ The Gunman က ကုန်ကျစရိတ် ဒေါ်လာ သန်း ၄၀ ရှိရာမှာ ဒေါ်လာ ၁၀.၇ သန်းသာ ပြန်ရခဲ့ပါတယ်။

play

 

ကလွန်နီရဲ့ Tommorwland က ခန့်မှန်း ထုတ်လုပ်မှုကုန်ကျစရိတ် သန်း ၁၉၀ ရှိချိန်မှာ စုစုပေါင်း ဝင်ငွေက ဒေါ်လာ ၂၀၉ သန်းသာ ပြန်ရခဲ့ပြီး ဝင်ငွေအနည်းဆုံး စာရင်းမှာ နံပါတ် ၁၄ နေရာကို ရခဲ့ပါတယ်။

play

 

ကော့ပါးနဲ့ အမ်မာစတုန်းတို့လို နာမည်ကြီးတွေ ပါခဲ့ပေမယ့် ဟာဝိုင်အီအခြေစိုက် အချစ်ဟာသကား Aloha ဟာလည်း ထုတ်လုပ်မှုကုန်ကျစရိတ် ဒေါ်လာ ၂၆.၃ သန်း၊ ဝင်ငွေ ၃၇ သန်းနဲ့ ဒီစာရင်းထဲမှာ ပါဝင်ခဲ့ပါတယ်။

play

 

အီဖရွန်ရဲ့ အကဂီတဇာတ်ကား We Are Your Friends ရုပ်ရှင်ကားက နံပါတ် ၈ နေရာမှာ ရှိပြီး ဂျွန်နီဒိပ်ရဲ့ Mortdecai က နံပါတ် ၁၀ မှာ ရှိခဲ့ပါတယ်။

play

 

ဒီစာရင်းကို Forbes က ၂၀၁၅ ခုနှစ် ဇန်နဝါရီလကနေ အောက်တိုဘာလ အထိ မြောက်အမေရိကမှာ ပြသတဲ့ ရုပ်ရှင်တွေရဲ့ ခန့်မှန်း ထုတ်လုပ်မှုကုန်ကျစရိတ်နဲ့ လက်မှတ်အရောင်းဌာနက ဝင်ငွေတွေကို အခြေခံပြီး ဒီစာရင်းကို ပြုစုထားတာ ဖြစ်ပါတယ်။

Source : www.reuters.com

Photos : www.tritontimes.com, www.blogspot.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD