AD
AD
AD
play

 

ဆယ်လီနာနဲ့ နီရဲလ်ကို နိုဝင်ဘာလ ၂၃ ရက်ညက မာလီဘူးမှာ ညစာ အတူစားနေကြတာကို အမှတ်မထင် တွေ့ရှိခဲ့ကြပြီး သူတို့တွေဟာ သူငယ်ချင်း ဆိုတာထက် ပိုနိုင်တယ်လို့ ကောလာဟလတွေ ထွက်ပေါ်လာခဲ့ပါတယ်။

play

 

ဆုပေးပွဲရဲ့ After Party ပွဲမှာ တွေ့ဆုံခုံကြပြီးတဲ့နောက် ဆွဲဆောင်မှုရှိတဲ့ အိုင်းရစ်လေးနဲ့ ဂျက်စတင်ဘီဘာရဲ့ တွဲလိုက်ပြတ်လိုက် ရည်းစားဟောင်း ဆယ်လီနာတို့ဟာ မာလီဘူးမြို့ Nobu ဆူရှီဆိုင်မှာ တခြားသူတွေနဲ့အတူ ထိုင်နေတာကို တွေ့ခဲ့ရတာပါ။

play

 

အဲဒီနေ့မတိုင်ခင်က အမေရိကန် ဂီတဆုပေးပွဲရဲ့ After Party ပွဲ အပြီးမှာ ဂျက်စတင် ဘီဘာကလည်း သူ့ရဲ့ အယ်လ်ဘမ်သစ်ထဲက သီချင်းတစ်ပုဒ်ဖြစ်တဲ့ The Feeling ကို အတူတွဲဆိုခဲ့တဲ့  ဟယ်လ်ဆေနဲ့ တွဲထွက်သွားတာ မြင်ခဲ့ရပြီးပါပြီ။

Montage Beverly Hills က စားသောက်ဆိုင်တစ်ခုမှာ ဆယ်လီနာနားကို ကပ်ပြီး သီချင်းဆိုခဲ့တဲ့အတွက် သူတို့နှစ်ဦး ပြန်ပြေလည်နေပြီလို့ အားလုံးက ထင်နေချိန်မှာ သူတို့ရဲ့ ဇာတ်လမ်းသစ်တွေက ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

Source and Photos : www.mirror.co.uk, www.dailymail.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD