Entertainment: အပြင်အတူထွက်ရင်း ပျော်နေကြတဲ့ အဒဲလ်၊ ဂျနီဖာလောရန့်စ်နဲ့ အမ်မာစတုန်း

အမ်မာစတုန်း၊ ဂျနီဖာလောရန့်စ်နဲ့ အဒဲလ်တို့ကို မနေ့ည (နိုဝင်ဘာလ ၂၄ ရက်) ညမှာ အတူတွဲလျက်တွေ့ခဲ့ရပြီး နာမည်ကြီး ဆယ်လီသုံးယောက်ဟာ မက္ကဆီကန်စားသောက်ဆိုင်တစ်ဆိုင်မှာ ညစာ အတူစားခဲ့ ကြပါတယ်။

play

 

အသက် ၂၇ နှစ်ရှိ အမ်မာ၊ အသက် ၂၅ နှစ်ရှိ ဂျနီဖာနဲ့ အသက် ၂၇ နှစ်ရှိ အဒဲလ်တို့ဟာ စားသောက်သွားတဲ့ လမ်းတစ်လျှောက်မှာ ပျော်ရွှင်နေခဲ့ကြပုံပါပဲ။ သုံးဦးပေါင်း အကယ်ဒမီဆု နှစ်ဆုနဲ့ အော်စကာဆု စကားတင်စာရင်း ၃ ကြိမ်ရှိခဲ့တဲ့ မိန်းမလှသုံးဦးဟာ ကားနောက်ခန်းထဲမှာ အတူထိုင်ရင်း ပြုံးပျော်နေပုံကို တွေ့ရပါတယ်။

play

 

တကယ်တော့ ဂျနီဖာက သူငယ်ချင်းအပေါင်းအသင်းထားရာမှာ စည်းမျဉ်းရှိတဲ့သူပါ။

play

 

“လူတစ်ယောက်က ကျွန်မကို အသုံးချနေတယ်။ နောက်ပြီး အဲဒီထဲမှာ မမှန်ကန်တဲ့ အကြောင်းပြချက်တွေ ပါနေတယ်လို့ ကျွန်မခံစားရတဲ့အချိန်မှာ သူတို့ကို ကျွန်မဘဝထဲက ဆွဲထုတ်ပစ်ရတဲ့အတွက် အပြစ်ရှိတယ်လို့ လုံးဝမခံစားရပါဘူး။ ကလစ်ကကျစ်ဆိုရင် ကျွန်မက ချက်ချင်းသိတယ်။ ကျွန်မသူငယ်ချင်းတွေက ကျွန်မအပေါ် မမှန်မကန်တာ မရှိဘူး။ ကျွန်မဘဝမှာ အရာအားလုံးက အစစ်အမှန်ချည်းပဲ” လို့ ဂျနီဖာက Entertainment Weekly ကို မကြာသေးခင်က ပြောခဲ့ဖူးပါတယ်။

Source and Photos : www.eonline.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ