Entertainment: ၂၀၁၅ ရဲ့ အမိုက်ဆုံး စုံတွဲ ဖြစ်လာမယ့် ဂျီဂျီနဲ့ ဇေး

Victoria’s Secret ရဲ့ နတ်မိမယ်တစ်ပါးဖြစ်တဲ့ ဂျီဂျီဟက်ဒီးနဲ့ One Direction အဖွဲ့ဝင်ဟောင်း ဇေးမယ်လစ်ခ်တို့ဟာ တစ်ချိန်လုံး စာအပြန်အလှန် ပို့နေကြပါတယ်။

play

 

အချစ်ကို ခံစားရတဲ့အရသာက ဘာနဲ့မှ နှိုင်းယှဉ်လို့မရပါဘူး။ ဂျီဂျီနဲ့ ဇေးလို့ဟာ ချစ်လို့မဝနိုင်ဖြစ်နေကြပြီလို့ အသေးစိတ် သတင်းတွေ ထွက်လာပါပြီ။

အသက် ၂၀ ရှိ ဂျီဂျီဟက်ဒီးနဲ့ အသက် ၂၂ နှစ်ရှိ ဇေးမယ်လစ်ခ်တို့ဟာ ၂၀၁၅ ခုနှစ်ရဲ့ အမိုက်ဆုံးစုံတွဲ ဖြစ်လာတော့မှာပါ။ သူတို့ရဲ့ အချစ်ဇာတ်လမ်းက လေးလေးနက်နက်ဖြစ်လာပြီး သူတို့က တစ်ချိန်လုံး ဆက်သွယ်နေကြတယ်ဆိုတာ အတွင်းသိထဲကနေ ထုတ်ဖော်ပြောလာပါတယ်။

play

 

ဂျီဂျီက သိပ်ချစ်ဖို့ကောင်းပါတယ်။ ဇေးလည်း ထို့အတူပါပဲ။ ငယ်ရွယ်တဲ့ အချစ်ဆိုတာ အရမ်းကို ချိုမြိန်ပါတယ်။ အထူးသဖြင့် ဟောလိဝုဒ်ရဲ့ အမိုက်ဆုံး ကြယ်ပွင့်လေးနှစ်ယောက် ချစ်ကြိုက်တဲ့အခါမျိုးပေါ့။

play

 

 “သူတို့က တစ်ယောက်နဲ့တစ်ယောက် ထပ်တူထပ်မျှ စွဲလမ်းနေကြပုံပဲ။ တစ်ချိန်လုံး စာအပြန်အလှန်ပို့နေတယ်” လို့ အဲဒီသတင်းပေးက US Weekly ကို ပြောခဲ့ပါတယ်။

သူတိုတွဲနေတာ နှစ်ပတ်လောက်ပဲ ရှိပါသေးတယ်တဲ့။ ဒါဟာ အချစ်ဇာတ်လမ်းတစ်ခုရဲ့ ပထမဆုံး အဆင့်တွေပေါ့။

play

 

နိုဝင်ဘာလ ၂၂ ရက်က ပြုလုပ်တဲ့ အမေရိကန်ဂီတဆုပေးပွဲ After Party ကနေ ဇေးက ဂျီဂျီကို သွားကြိုတုန်းက သူ ကြည့်တဲ့ အကြည့်ထဲမှာ အချစ်တွေ ပျော်ဝင်နေခဲ့တာလည်း သေချာပါတယ်။

Source : www.hollywoodlife.com

Photos : dailymail.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ