Entertainment: လေဒီဂါဂါရဲ့ ရင်ဖိုဖွယ် ဆောင်းတွင်းစတိုင်

နွေးထွေးလှတဲ့ ကုတ်အင်္ကျီဝတ်ထားတဲ့ လေဒီဂါဂါဟာ သူမရဲ့ လျှို့ဝှက်နယ်မြေကို ဖော်ပြတော့မယောင် ရင်ဖိုဖွယ် စတိုင်ကို ဖန်တီးခဲ့ပါတယ်။

play

 

အဆိုတော် လေဒီဂါဂါဟာ ဟိုတယ်တစ်ခုထဲက အထွက်မှာ ပေါင်အထိ ခွဲထားတဲ့ ကုတ်အင်္ကျီကြောင့် ဒူးအထက်ထိရှည်တဲ့ သူမရဲ့ အသားကပ်ခြေအိတ်ကို အပြည့်မြင်နေရပါတယ်။

လန်ဒန်မြို့ရဲ့ အအေးဓာတ်ကို လေဒီဂါဂါက သိပ်ပဲမမှုတာလား။ သူမဟာ အနက်ရောင် လက်အိတ်အထူကို ဝတ်ထားပေမယ့်လို့ ခြေထောက်တွေကိုတော့ နွေးထွေးအောင်လုပ်ဖို့ မလိုဘူးလို့ ယူဆပုံရပါတယ်။

play

 

ဆိုးရွားလွန်းတဲ့ ဖက်ရှင်တွေနဲ့ နာမည်ကြီးလှတဲ့ လေဒီဂါဂါဟာ အနီအနက် ဇစ်ဇက်ဒီဇိုင်း ကုတ်အင်္ကျီကို အနက်ရောင် ဒေါက်မြင့်၊ နေကာမျက်မှန်အကြီးကြီးတို့နဲ့ တွဲဖက်ထားပါတယ်။ အခုမြင်ရတဲ့ ပုံတွေအရတော့ သူမရဲ့ ဝတ်ဆင်ထားတဲ့ အဝတ်အစားထဲမှာ နွေးထွေးတဲ့ အတွင်းခံတစ်စုံတော့ ပါလာပုံမရပါဘူး။

play

 

ဒါပေမဲ့ လေဒီဂါဂါအတွက် သူ့ပရိသတ်ကြီးကို ဒီလိုမျိုး လျှို့ဝှက်ဧရိယာကို လှစ်ဟပြတော့မလိုလုပ်တာ ပထမဆုံး အကြိမ် မဟုတ်ပါဘူး။ စတိတ်စင်ပေါ်မှာတောင် တစ်ကိုယ်လုံး ချွတ်ပြခဲ့ဖူးသေးတာပဲ မဟုတ်လား။

Source and Photos : www.dailymail.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ