Entertainment: တော်ဝင်မင်းသားနဲ့ မိဘမဲ့ သူငယ်ချင်းတို့ ပြန်ဆုံကြတဲ့အခိုက်

၂၀၀၄ ခုနှစ်က မင်းသားဟယ်ရီဟာ တောင်အာဖရိကခရီးစဉ်အတွင်း လီဆိုသိုနိုင်ငံကိုလည်း ရောက်ရှိခဲ့ပါတယ်။ အဲဒီနိုင်ငံရဲ့ ဘောလုံးကွင်းမှာ မင်းသားဟယ်ရီကို တွေ့ဆုံခွင့်ရခဲ့တဲ့ မိဘမဲ့ကလေးငယ် မတ်ဆုက ဟယ်ရီရဲ့ သူငယ်ချင်း ဖြစ်လာပါတော့တယ်။

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနဲ့ သူ့ရဲ့သူငယ်ချင်း မိဘမဲ့ အာဖရိကတိုက်သားလေးတို့ရဲ့ ပြန်လည် ဆုံတွေ့မှုက ကြည်နူးဆွတ်ပျံ့ဖွယ်ရာ ကောင်းလှပါတယ်။ မင်းသားဟယ်ရီနဲ့ မိဘမဲ့ကလေးတစ်ဦးဖြစ်တဲ့ မတ်ဆု ပေါ့စ်နီတို့ဟာ လွန်ခဲ့တဲ့ ၁၁ နှစ်က အာဖရိကတိုက်မှ လီဆိုသိုနိုင်ငံ ဘောလုံးကွင်းတစ်ခုမှာ စတင် ဆုံတွေ့ခဲ့ကြတာပါ။

play

 

 ၁၁ နှစ် အကြာမှာ ပြန်လည် ဆုံတွေ့ကြတဲ့ မင်းသားဟယ်ရီနဲ့ မတ်ဆု

၂၀၀၄ ခုနှစ်က မင်းသားဟယ်ရီဟာ တောင်အာဖရိကခရီးစဉ်အတွင်း လီဆိုသိုနိုင်ငံကိုလည်း ရောက်ရှိခဲ့ပါတယ်။ အဲဒီနိုင်ငံရဲ့ ဘောလုံးကွင်းမှာ မင်းသားဟယ်ရီကို တွေ့ဆုံခွင့်ရခဲ့တဲ့ မိဘမဲ့ကလေးငယ် မတ်ဆုက မင်းသားဟယ်ရီရဲ့နောက်ကို တကောက်ကောက် လိုက်ပါနေခဲ့ပါတယ်။

play

 

 တော်ဝင်မင်းသားနဲ့ မိဘမဲ့ သူငယ်ချင်းတိုရဲ့ ပြန်လည် ဆုံတွေ့မှု

မတ်ဆုက မင်းသားဟယ်ရီဟာ တော်ဝင်မင်းသားတစ်ဦးဖြစ်တာကြောင့် မဟုတ်ဘဲ သူရဲ့ကလေးဘဝမှာ ပထမဆုံး စိတ်ဝင်တစား ခင်တွယ်မိတဲ့ လူတစ်ယောက်ဖြစ်တာကြောင့် အဲဒီလို တကောက်ကောက် လိုက်ပါနေခဲ့တာ ဖြစ်ပါတယ်။ မတ်ဆုလေးကို မင်းသားဟယ်ရီကလည်း သတိထားမိသွားခဲ့ပြီးနောက် သူတို့နှစ်ယောက် သူငယ်ချင်းတွေ ဖြစ်ခဲ့ကြပါတယ်။

play

 

၂၀၀၄ ခုနှစ်တုန်းက မင်းသားဟယ်ရီနဲ့ မတ်ဆု

အရွယ်နဲ့မမျှတဲ့ ထိခိုက်နာကျင်မှုတွေနဲ့ မိဘမဲ့ဖြစ်နေရှာတဲ့ မတ်ဆုရဲ့ဘဝကို သိရတဲ့အခါ မင်းသားဟယ်ရီလည်း ခံစားခဲ့ရပါတယ်။ လွန်ခဲ့တဲ့ ၁၁ နှစ်က ကလေးလေးအရွယ် မတ်ဆုကို မင်းသားဟယ်ရီ လည်ရှည်ဖိနပ်တစ်ရံဝယ်ပြီး လက်ဆောင်ပေးခဲ့ပါတယ်။ မတ်ဆုလေးကလည်း မင်းသားဟယ်ရီရဲ့လက်ဆောင် လည်ရှည်ဖိနပ်လေးကို အိပ်ယာထဲအထိပင် စီးထားလေ့ရှိခဲ့ပါတယ်။

play

 

ပြန်လည် ဆုံတွေ့ကြတဲ့ မင်းသားဟယ်ရီနဲ့ မတ်ဆု

အခုအချိန်မှာ မတ်ဆုဟာ အသက် ၁၄ နှစ်ရှိပြီဖြစ်ပါတယ်။ ယခုနှစ် နိုဝင်ဘာ ၂၆ ရက်မှာ မင်းသားဟယ်ရီက လီဆိုသိုမှာ ပြုလုပ်တဲ့ HIV/AIDS ကူးစက်ခံထားရတဲ့ အာဖရိက ကလေးငယ်တွေအတွက် ကူညီထောက်ပံ့ရေးစင်တာ ဖွင့်လှစ်တဲ့ အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။

play

 

မင်းသားဟယ်ရီနဲ့ မတ်ဆု

အဲဒီနေ့မှာပဲ နှစ်ပေါင်း ၁၁ နှစ်အကြာမှ ပြန်လည် ဆုံတွေ့ကြရတဲ့ မင်းသားဟယ်ရီနဲ့ သူငယ်ချင်းဖြစ်သူ မတ်ဆုတို့ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် ပွေ့ဖက်နှုတ်ဆက်နေတဲ့ ပုံရိပ်တွေက မြင်တွေ့ရသူတွေအတွက် ကြည်နူးဆွတ်ပျံ့ဖွယ်ရာ ကောင်းလှပါတယ်။ လီဆိုသိုမှာ ဖွင့်လှစ်ခဲ့တဲ့ ကူညီထောက်ပံ့ရေးစင်တာက တစ်နှစ်လျှင် HIV/AIDS ကူးစက်ခံထားရတဲ့ ကလေးတွေ ၁၅၀၀ ကို ထိန်းသိမ်းစောင့်ရှောက်ပြီး ပညာသင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

Source and Photo: www.dailymail.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ