Entertainment: စန္ဒီမြင့်လွင်၏ တစ်ကိုယ်တော်အခွေ မကြာခင်လာမည်

Featuring အနေဖြင့် အားတီ ၊ X-BOX နှင့် နီနီခင်ဇော်တို့က ပါဝင်သီဆိုထားသည်။

play

 

၂၀၁၅ ခုနှစ် ၊ ဒီဇင်ဘာလ (၂၀) ရက်နေ့တွင် စန္ဒီမြင့်လွင့်၏ ‘Queen’ ဟု အမည်ပေးထားသည့် စတုတ္ထမြောက် တစ်ကိုယ်တော်အခွေ ဖြန့်ချိသွားမည်ဖြစ်ကြောင်း သိရသည်။

play

 

အဆိုပါ စီးရီးတွင် သီချင်းစုစုပေါင်း (၉)ပုဒ် ပါဝင်မည်ဖြစ်ပြီး အွန်လိုင်းမှ ဖြန့်ချိထားသည့် ‘ချစ်နေတုန်းပဲ’ သီချင်းကို ပုံစံပြောင်းသီဆိုထားသည့် သီချင်းအပါအ၀င် အနှေးနှင့် အမြူးသီချင်းများပါဝင်မည်ဖြစ်ကာ Featuring အနေဖြင့် အားတီ ၊ X-BOX နှင့် နီနီခင်ဇော်တို့က ပါဝင်သီဆိုထားသည်။

play

 

ထို့အပြင် ၂၀၁၆ ခုနှစ် နှစ်ဆန်းတွင် စန္ဒီမြင့်လွင်မှ တစ်ကိုယ်တော်ဖျော်ဖြေပွဲ တစ်ပွဲပြုလုပ်ရန်စီစဉ်နေသည်။

Photo: Sandi Myint Lwin Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ