Entertainment: ဖေဖေ တွမ်ခရုစ်နဲ့ နှစ်နှစ်ကျော် မတွေ့ရတဲ့ ဆူရီလေး

တကယ့်ကို အံ့သြစရာပါပဲ။ တွမ်ခရုစ်က သူ့ရဲ့ ချစ်စဖွယ် သမီးလေး ဆူရီနဲ့ မတွေ့တာာ ရက်ပေါင်း ၈၀၀ ရှိပြီတဲ့။ နှစ်နှစ်ကျော်တောင် ရှိပါပြီ။ သနားစရာ ဆူရီလေးပါ။ သူ့ဘဝမှာ အဖေကိုလည်း လိုအပ်ရှာမှာပေါ့။

play

ကေတီဟုမ်းနဲ့ အတူရှိနေတဲ့ ဆူရီ။

အသက် ၅၃ နှစ်ရှိ တွမ်ခရုစ်ဟာ အသက် ၃၆ နှစ်ရှိ သူ့ရဲ့ ဇနီးဟောင်း ကေတီဟုမ်းနဲ့ ရတဲ့ အသက် ၉ နှစ်အရွယ် ဆူရီလေးကို ရှောင်နေတယ်လို့ ကြားရပါတယ်။ မင်းသား တွမ်ခရုစ်ဟာ တစ်မြို့တည်းနေပေမယ့် သူ့ရဲ့ တစ်ဦးတည်းသော သမီးလေးကို တွေ့ဖို့ လုံးဝ မကြိုးစားခဲ့ပါဘူးတဲ့။ဘယ်လောက်တောင် စိတ်ပျက်စရာကောင်းလိုက်တဲ့သတင်းပါလဲ။ သမီးတွေဟာ ဖခင်မေတ္တာမပါဘဲ မကြီးပြင်းသင့်ပါဘူး။

play

အရင်တုန်းက တွမ်ခရုစ်နဲ့ ဆူရီ။

 “သူက ချမ်းသာပြီး နာမည်ကြီးပေမယ့် ဒီလိုဖြစ်တာ စိတ်ပျက်စရာပါ။ တွမ်ခရုစ်က တာဝန်မကျေတဲ့ အဖေပဲ။ ဆူရီရဲ့ နေ့စဉ်ဘဝမှာ ပါဝင်ဖို့ လုံးဝစိတ်ဝင်စားပုံမရဘူး” လို့ သူတို့နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

play

မိသားစု သုံးယောက် အတူရှိခဲ့ကြစဉ်က။

“ကေတီက မိခင်တစ်ယောယ်ကအနေနဲ့ အကောင်းဆုံး လုပ်ပေးနေပေမယ့် အဖေနေရာမှာ ဘာမှအစားထိုးလို့မရဘူးလေ” လို့ ထိုသူက ဆိုပါတယ်။

ကေတီနဲ့ တွမ်တို့က ၂၀၁၂ ခုနှစ်အတွင်းမှာ ကွာရှင်းခဲ့တာပါ။

Source : www.hollywoodlife.com

Photos : www.dailymail.co.uk, www.hollomagazine.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ