Entertainment: အဒဲလ်က ၂၀၁၆ ခုနှစ်တွင် နိုင်ငံလှည့်ဖျော်ဖြေပွဲ လုပ်မယ်လို့ ကြေညာ

အဒဲလ်သာ သူ့ရဲ့ 25 သီချင်းအယ်ဘမ် တစ်ပတ်အတွင်း အရောင်းရစံချိန်တင်သွားပြီးတဲ့နောက် ဗြိတိန်၊ အိုင်ယာလန်နဲ့ ဥရောတိုက်ကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလထဲမှာ လှည့်လည် ဖျော်ဖြေမယ်လို့ နိုဝင်ဘာလ ၂၆ ရက်မှာ ကြေညာလိုက်ပါတယ်။

play

 

လေးနှစ်အတွင်း အဒဲလ်ရဲ့ ပထမဆုံးခရီးစဉ်ဖြစ်တဲ့အတွက် သူ့ရဲ့ပရိသတ်က တွစ်တာကနေ သြဘာပေးကြပါတယ်။

အဒဲလ်က ဒီခရီးစဉ်အကြောင်းကို သူမရဲ့ ဝက်ဘ်ဆိုဒ်ပေါ်ကနေ ဗီဒီယိုနဲ့ ကြေညာခဲ့တာပါ။

play

 

ခရီးစဉ်ကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ ဘယ်လ်ဖက်မြို့က အက်စ်အက်စ်အီး အာရီနာမှာ စတင်မှာဖြစ်ပြီး ဘယ်လ်ဂျီယန်၊ အန့်ဝါ့တ်မြို့မှာ ခရီးဆုံးမှာ ဖြစ်ပါတယ်။

play

 

သွားရောက်ဖျော်ဖြေမည့် နေရာတွေကတော့ ဗြိတိန်၊ အိုင်ယာလန်၊ နော်ဝေ၊ ဒိန်းမတ်၊ ဂျာမနီ၊ ဆွစ်ဇာလန်၊ ပေါ်တူကီ၊ စပိန်၊ အီတလီ၊ နယ်သာလန်နဲ့ ပြင်သစ်တို့ ဖြစ်ပါတယ်။

Source : www.reuters.com

Photos : www.dailymail.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ