Entertainment: အန်ဂျလီနာက ကမ္ဘောဒီးယား ရုပ်ရှင်ပွဲတော် ဒိုင်အဖွဲ့တွင် ကြီးမှူး

ဂျိုလီဟာ စိတ်ဓာတ်ရေးရာမှာ အားပေးသွားမှာဖြစ်ပြီး ကမ္ဘောဒီးယား ရုပ်ရှင်လောက ပြန်လည်မွေးဖွားခြင်းအပေါ် လူတွေ စိတ်ဝင်စားအောင် ပြုလုပ်ပေးလိမ့်မယ်လို့ ပွဲတော်အကြံပေးတစ်ဦးက ပြောခဲ့ပါတယ်။

play

 

ဟောလိဝုဒ် မင်းသမီး ဂျုလီဟာ အခု ကမ္ဘောဒီးယားမှာ သူမရဲ့ ရုပ်ရှင်ကားကို ရိုက်နေပါတယ်။

 “ကမ္ဘောဒီးယားဟာ သမိုင်းကြောင်း၊ ရှည်ကြာနေပြီဖြစ်တဲ့ ယဉ်ကျေးမှုနဲ့ ပါရမီရှိတဲ့ လူတွေနဲ့ ပြည့်နေတဲ့ နိုင်ငံပါ။ ကမ္ဘောဒီးယား နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကို အထောက်အကူပေးရတာ ကျွန်မ ဂုဏ်ယူပါတယ်။ ကမ္ဘောဒီးယားဟာ ရုပ်ရှင် ရိုက်ကူးရေးမှာ တက်ကြွပြီး တီထွင်မှုရှိတဲ့ နိုင်ငံပါ” လို့ သူမက ပြောခဲ့ပါတယ်။

play

 

ရုပ်ရှင်ပွဲတော်ကို ကမ္ဘောဒီးယားရဲ့မြို့တော် ဖနွမ်းပင်မှာ ဒီဇင်ဘာလ (၄) ရက်မှ (၁၀) ရက်အထိ ကျင်းပမှာ ဖြစ်ပြီး နိုင်ငံပေါင်း ၄၂ နိုင်ငံက ရုပ်ရှင်ပေါင်း ၁၃၀ ကို ပြသမှာ ဖြစ်ပါတယ်။

ှSource and Photos : www.bbc.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ