Entertainment: ဒါရိုက်တာလည်း လုပ်တော့မယ့် ဂျနီဖာ လောရန့်စ်

မင်းသမီး ဂျနီဖာလောရန့်စ်က စိတ်ပြောင်းလဲတဲ့ ဓာတုလက်နက်တွေနဲ့ ပတ်သက်ပြီး အမေရိကန် စစ်တပ်ရဲ့ သုတေသနအကြောင်း ရိုက်ကူးထားတဲ့ သူမရဲ့ ပထမဆုံး ရုပ်ရှင်ကားကို ရိုက်ကူးတော့မှာပါ။

play

 

ဇာတ်ကားနာမည်ကို ‘Project Delirium’ လို့ ပေးထားပြီး စစ်တပ်ရဲ့ အငြင်းပွားဖွယ် သုတေသနအကြောင်းကို ရိုက်ကူးထားတာပါ။

 “အက်စစ် သုတေသနတစ်ခု လုံးဝမှားယွင်း ပြဿနာတက်သွားတဲ့ အကြောင်းလိုမျိုး ၁၉၅၀ ပြည့်နှစ်တွေက စိတ်ပိုင်းဆိုင်ရာ စစ်ပွဲအကြောင်းကို အခြေခံထားတာပါ” လို့ လောရန့်စ်က ပြောပါတယ်။

play

 

ဂျနီဖာ လောရန့််စ်က ‘Silver Linings Playbook’ ဇာတ်ကားနဲ့ ၂၀၁၃ ခုနှစ်မှာ အော်စကာဆု ရရှိခဲ့ပြီး လာမည့် အော်စကာဆုတွေအတွက်လည်း ‘American Hustle’ နဲ့ ‘Winter’s Bone’ ဇာတ်ကားတို့နဲ့ ဆန်ကာတင် ရွေးချယ်ခံထားရပါတယ်။

play

 

လက်ရှိမှာတော့ အမေရိကန်မှာ ရုံတင်နေပြီဖြစ်တဲ့ The Hunger Games စီးရီးရဲ့ နောက်ဆုံးထွက် ဇာတ်ကား Mockingjay Part Two မှာ သူမကို မြင်တွေ့ရမှာပါ။

Source : www.bbc.com

Photos : www.bbc.com, mages-cdn.moviepilot.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ