Entertainment: ကြည့်ရှုသူများခဲ့တဲ့ ဝန်ချတောင်းပန်မှု ဗီဒီယိုကြောင့် ဒဏ်ကြေးငွေ ကနေ လွတ်မြောက်ဖွယ်ရှိ

ရှေ့နေတွေက တကယ်လို့ ဗီဒီယိုကနေတဆင့် တောင်းပန်မှုပြုလုပ်ကာ ကြည့်ရှုသူ ၂၀၀,၀၀၀ ကျော်ခဲ့မယ်ဆိုရင် ဒဏ်ကြေးငွေကို လျော့ပေါ့ပေးမယ်လို့ ပြောကြားခဲ့တာပါ။

play

 

အွန်လိုင်းကနေတဆင့် တရားမဝင် ဆော့ဖ်ဝဲနဲ့ ရုပ်ရှင်ဇာတ်ကားတွေကို ဖြန့်ဖြူးရောင်းချနေသူတစ်ဦးရဲ့ ဝန်ချတောင်းပန်တဲ့ ဗီဒီယိုကို YouTube ပေါ်တွင် တစ်ပတ်အတွင်း ကြည့်ရှုသူဦးရေ ၄၆၀,၀၀၀ ရှိခဲ့တဲ့အတွက် ၄င်းကို ချမှတ်ထားတဲ့ ဒဏ်ကြေးငွေ ယူရို ၁၄၈,၀၀၀ ကနေ လွတ်မြောက်နိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။

ချက် နိုင်ငံသားဖြစ်သူ ဂျာကွတ် အက်ဖ်ဟာ Microsoft ၊ HBO ၊ Sony Music အပြင် Twentieth Century Fox တို့ရဲ့ ဆော့ဖ်ဝဲအခွေတွေ ၊ ရုပ်ရှင်ဇာတ်ကားတွေကို အွန်လိုင်းကနေ ရာနဲ့ချီပြီး တရားမဝင် ကူးယူ ဖြန့်ဖြူးခဲ့တဲ့အတွက် ယခုလို ထောင်ဒဏ်နှင့် ဒဏ်ကြေးငွေ ပေးဆောင်ဖို့ တရားစီရင်ချက် ချမှတ်ခံရတာဖြစ်ပြီး ရှေ့နေတွေက တကယ်လို့ ဗီဒီယိုကနေတဆင့် တောင်းပန်မှုပြုလုပ်ကာ  ကြည့်ရှုသူ ၂၀၀,၀၀၀ ကျော်ခဲ့မယ်ဆိုရင် ဒဏ်ကြေးငွေကို လျော့ပေါ့ပေးမယ်လို့ ပြောကြားခဲ့တာပါ။

play

 

ဂျာကွတ်က သူ့အနေနဲ့ မှားယွင်းတဲ့လုပ်ရပ်တစ်ခုကို လုပ်နေတာ မဟုတ်ဘူးလို့ ထင်မြင်ခဲ့ပြီး ကုမ္ပဏီကြီးတွေကို ထိခိုက်နိုင်လိမ့်မယ်လို့လည်း မထင်ခဲ့ကြောင်း သူဟာ ပိုက်ဆံအတွက် မဟုတ်ပဲ အပျော် သက်သက်တာ လုပ်ဆောင်ခဲ့တာပါလို့ ဗီဒီယိုထဲမှာပြောကြားခဲ့ပါတယ်။

ဒါပေမယ့် သူ့အနေနဲ့ မူပိုင်ခွင့်ဥပဒေကို ချိုးဖောက်တဲ့အနေနဲ့ ထောင်ဒဏ် (၃) နှစ် ကျခံရမှာပါ။

Source & Photo : www.dailymail.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ