Entertainment: ဘရွတ်ကလင်း ဘက်ခမ်းနဲ့ အင်တာဗျူး

အရွယ်ရောက်လာတဲ့ ဘက်ခမ်းရဲ့ သားကြီးဟာ နှုတ်ခမ်းနီမလေးတွေကြား ရေပန်းစားနေပါပြီ။

play

 

ဘရွတ်ကလင်းဘက်ခမ်းဟာ ဖခင်ဖြစ်သူ ဒေးဗစ်ဘက်ခမ်းလို ဘောလုံးကစားရာမှာ ထူးချွန်သူမဟုတ်ဘဲ မိခင်ဖြစ်တဲ့ ဗစ်တိုးရီးယားလို အနုပညာလောကမှာ ပိုမိုခင်တွယ်ပုံရပါတယ်။ အနုပညာရှင်တွေ ကြားမှာ ရေပန်းစားလာတဲ့ ဘရွတ်ကလင်းကို Miss VOGUE မဂ္ဂဇင်းက အင်တာဗျူးတစ်ခု ပြုလုပ်တဲ့အခါ သူက ခုလိုမျိုး ဖြေခဲ့ပါတယ်။

play

 

မေး - ဘရွတ်ကလင်းရဲ့ စတိုင်လ်နဲ့ ပတ်သက်ပြီး အကြံဉာဏ်ကို ဘယ်သူ့ဆီက ယူဖြစ်လဲ

ဖြေ - နှစ်ယောက်လုံးဆီကပါပဲ။ အမေက ဖက်ရှင်နဲ့ပတ်သက်ပြီး အများကြီးသိတယ်။ ဒါပေမဲ့ ကျွန်တော်က အဖေ့အကြံပေးချက်ကို ပိုလိုက်နာဖြစ်တယ်။ အဖေက အမိုက်စားဖက်ရှင်နဲ့ဆိုတော့ အဝတ်တွေလည်း ယူဝတ်လို့ရတာပေါ့။

မေး - အဖေ့ဗီရိုထဲက ဘာကို ခိုးယူခဲ့ဖူးလဲ

ဖြေ - Saint Laurent တော်တော်များများ

play

 

မေး - ဘယ်ဒီဇိုင်နာတွေရဲ့ အသုံးအဆောင်တွေကို ကြိုက်လဲ

ဖြေ - YSL, Calvin Klein, PRL နဲ့ APC တို့ကို အရမ်းကြိုက်ပါတယ်

မေး - မနက်မိုးလင်းတာနဲ့ ဘယ်လူမှုကွန်ယက်ကို အရင်ဆုံးကြည့်ဖြစ်လဲ

ဖြေ - အင်စတာဂရမ်ပါ။

play

 

ဘရွတ်ကလင်းဟာ အင်စတာဂရမ်ကို တစ်နေ့လျှင် အကြိမ်ပေါင်းများစွာ ကြည့်တတ်သူဖြစ်ပြီး သူ့ရဲ့ အင်စတာဂရမ်အကောင့်မှာ follower ပေါင်း ၄.၉ သန်း ရှိပါတယ်။

Source & Photo : www.vogue.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ